ဦးဥတ္တမနေ့ အခမ်းအနား

ဒီကနေ့ ကျရောက်တဲ့ ၇၂ ကြိမ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ အခြေစိုက် ရခိုင်အမျိုးသမီးများ အစည်းအရုံး RWU က ဒက္ကားမြို့တော်မှာ ကျင်းပ ပြုလုပ် ခဲ့ပါတယ်။

၂၀၁၁ ခုနှစ် စက်တင်ဘာလ ၉ ရက် နေ့တွင် ကျရောက်သည့် ၇၂ ကြိမ်မြောက် ဆရာတော် ဦးဥတ္တမ နေ့တွင် စစ်တွေမြို့ရှိ ပြည်သူလူထုက ဦးဥတ္တမ ရုပ်ထုပန်းခြံသို့ ချီတက် ပန်းခွေချ ဂါရဝပြုခဲ့ ကြပါသည်။

အဲဒီအခမ်းအနားမှာ ဆရာတော် ဦးဥတ္တမ ရဲ့ နယ်ချဲ့အင်္ဂလိပ်အစိုးရကို ဆန့်ကျင်ပြီး မြန်မာနိုင်ငံ တင်သာမက အာရှတိုက်တခုလုံးကို နိုင်ငံရေးနိုးကြားလာအောင် ဆောင်ရွက်ပေးခဲ့တဲ့ အကြောင်းကို ဟောပြော ကြတယ်လို့သိရပါတယ်။

အဲဒီလို့ အခမ်းအနား ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ဟာ နောင်လာနောက်သားတွေ ဆရာတော် ဦးဥတ္တမ ရဲ့ နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်တွေကို သိရှိအောင်လို့ ဖြစ်တယ်လို့ RWU ဥက္ကဌ ဒေါ်စောမြရာဇာလင်း က ပြောပါတယ်။

“ရခိုင်မှာတင်မက မြန်မာနိုင်ငံမှာ ရှိတဲ့ လူသားအားလုံး လွှတ်မြောက်ရေးအတွက် ဗြိတြိသျှ အစိုးရအောက်က လွှတ်မြောက်ရေး အတွက် အနုနည်းနဲ့ တိုက်ပွဲဝင်တဲ့ ဆရာတော် ဦးဥတ္တမရဲ့ သတ္တိတွေကို နောင်လားနောက်သားတွေ သိစေချင်တယ်။ မြန်မာနိုင်ငံ အနှံ့က လူထုတွေ သိစေချင်တယ်။ ဆရာတော်ဟာ အနုနည်းနဲ့ တိုက်ပွဲဝင်ခဲ့တဲ့ ဦးဆောင်လမ်းပြ ခေါင်းဆောင်တဦး ဖြစ်ပါတယ်”

အဲဒီအခမ်းအနားမှာ ဆရာတော် ဦးဥတ္တမကို ဂုဏ်ပြုစပ်ဆိုထားတဲ့ အာရှနေဝန်း သီချင်းကို သီဆိုခဲ့ကြ တယ်လို့ သိရပါတယ်။ အခမ်းအနားမှာ ရခိုင်အမျိုးသမီးအရုံး RWU အဖွဲ့ဝင်တွေ ၊ ရခိုင်နိုင်ငံရေးသမားတွေနဲ့ ဒေသခံ ဘင်္ဂလာဒေ့ရှ့်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ တက်ရောက်ကြတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org