ရာသီတုပ်ကွေး ပိုးကြောင့် သေဆုံးသူ ၂ ဦးရှိ

ရာသီတုပ်ကွေး A(H1N1) ရောဂါပိုးကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အမျိုးသား တစ်ဦးနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး မနေ့က သေဆုံးသွားပါတယ်။

ရန်ကုန် ပြည်သူ့ဆေးရုံကြီးပုံ Photo: Aung Thain Kha/RFA

ရာသီတုပ်ကွေး A(H1N1) ရောဂါပိုးကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အမျိုးသားတစ်ဦးနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး မနေ့က သေဆုံးသွားပါတယ်။

ဗဟိုအမျိုးသမီးဆေးရုံက လွှဲလိုက်တဲ့ ကိုယ်ဝန်ဆောင်တစ်ဦးနဲ့ ပဲခူးက အမျိုးသားတစ်ဦး သေဆုံးသွားပြီးမှ သံသယရှိတာကြောင့် စစ်ဆေးရာမှာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာအေးကိုကို က ပြောပါတယ်။

"မနေ့က မွန်းလွဲပိုင်းက ရောက်လာတဲ့ ၂ ယောက်က ဆုံးတာ ဖြစ်ပါတယ်၊ တစ်ယောက်က ဗဟို အမျိုးသမီး ဆေးရုံကနေပြီးတော့ လွှဲတာဖြစ်ပါတယ်၊ ကိုယ်ဝန်ဆောင်မိခင်ဖြစ်ပါတယ်၊ ဆေးရုံ ကိုရောက်ရှိပြီး မကြာခင်မှာ ဆုံးပါတယ်၊ နောက်တစ်ဦးကတော့ ပဲခူးဘက်ကပါ၊ ရန်ကုန်ဆေးရုံကြီး လာပြတာပါ၊ အမျိုးသားပါ၊ သူလည်း မနေ့က မွန်းလွဲပိုင်းမှာ ဆုံးပါတယ်၊ ဆုံးပြီးတော့မှ ဆရာဝန် ကြီးတွေက H1N1 ဖြစ်နိုင်တယ်လို့ သံသယရှိတဲ့အတွက် အမျိုးသားကျန်းမာမှု ဓါတ်ခွဲမှုဆိုင်ရာဌာနကို ပို့ပြီးတော့ စစ်တဲ့အခါမှာ ဒီနေ့ H1N1 လို့ အဖြေရတာ ဖြစ်ပါတယ်။"

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ A(H1N1) ရောဂါပိုးသံသယရှိသူ ၃၃ ဦးကို စစ်ဆေးခဲ့ရာမှာ သေဆုံးသွားသူ ၂ ဦးအပြင် ၁၃ ဦးမှာ ရောဂါပိုးတွေ့ရှိထားတာဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ၂ ဦးနဲ့ ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးမှာ ၁ ဦး ဆေးကု သမှုခံယူနေဆဲဖြစ်ပါတယ်။

ဒါ့အပြင် ချင်းပြည်နယ် မတူပီမြို့မှာ ရောဂါပိုးတွေ့ထားသူ ၁၀ ဦးရှိခဲ့ပြီး ၁ ဦး သေဆုံးထားတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ရာသီတုပ်ကွေးဟာ မြန်မာနိုင်ငံမှာ ၂၀၁၀ ခုနှစ်ကတည်းက စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီနှစ်မှာ ပြင်းထန်တဲ့ ပုံစံမျိုး တွေ့ရတာဖြစ်တယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲက ပြောပါတယ်။

အဲဒီရောဂါပိုးရဲ့ လက္ခဏာတွေဟာ သာမန်တုပ်ကွေးလိုမျိုး ချောင်းဆိုးတာ၊ အဖျားတက်တာ၊ နှာရည်ယိုတာ ၊ ခေါင်းကိုက်၊ ကိုယ်/လက်ကိုက်တာမျိုးတွေဖြစ်တယ်လို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org