ANP အမတ်နှစ်ဦး ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီကနေ နုတ်ထွက်
ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ ပါဝင်တဲ့ ရခိုင်အမျိုးသားပါတီ ANP ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး ကော်မတီဝင်အဖြစ်ကနေ နုတ်ထွက်စာ ဒီနေ့တင်လိုက်ပါတယ်။
-
2019-09-03 -
-
-
ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ ပါဝင်တဲ့ ရခိုင်အမျိုးသားပါတီ ANP ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး ကော်မတီဝင်အဖြစ်ကနေ နုတ်ထွက်စာ ဒီနေ့တင်လိုက်ပါတယ်။
ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီနဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဆုံးဖြတ်ချက်အရ ၄၅ ဦး ပါဝင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီမှာ ANP ပါတီ ကိုယ်စားလှယ်တွေ ဆက်မပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။
အလားတူ မနေ့ကလည်း အမျိုးသားညီညွှတ်သောဒီမိုကရက်တစ်ပါတီ DUD ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက ၄၅ ဦး ကော်မတီကနေ နုတ်ထွက်ခဲ့ပါတယ်။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီကနေ နုတ်ထွက်သူ သုံးဦး ရှိပြီဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး အတည်ပြု ဖွဲ့စည်းထားတာပါ။