စီးပွားရေး ပိတ်ဆို့အရေးယူမှု ရုတ်သိမ်းဖို့မသင့်သေးကြောင်း အမေရိကန် ထပ်မံပြောဆို
အမေရိကန်အစိုးရအနေနဲ့ မြန်မာ ခေါင်းဆောင်သစ်နဲ့ ချည်းကပ် ဆက်ဆံဖို့ ကြိုးပမ်းမှာ ဖြစ်သလို စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေကိုလည်း ဆက်လက် ထားရှိမှာ ဖြစ်တယ်လို့ အာရှနဲ့ ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က မနေ့က ပြောကြားလိုက်ပါတယ်။ လတ်တလော အခြေအနေတွေ အရ အမေရိကန် အစိုးရအနေနဲ့ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်ခတ်မှုကို ရုပ်သိမ်းပေးဖို့ကိစ္စဟာ မသင့်တော်သေးဘူးလို့ မစ္စတာ Campbell က စင်ကာပူနိုင်ငံမှာ သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
-
2011-04-07 -
-
-
မြန်မာစစ်အစိုးရ၏ သတင်းဌာနမှ ထုတ်ပြန်သော ဓာတ်ပုံတွင် အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကင်းဘဲလ် (ယာ) နှင့် စစ်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် (ဝဲ) တို့ ၂၀၀၉ နိုဝင်ဘာ ၄ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေပွဲ မစမီ နှုတ်ဆက်နေခြင်း ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)