လားရှိုးကို စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော် ရောက်ရှိ

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့အကြား တိုက်ပွဲတွေနဲ့ စစ်ရေးတင်းမာမှုတွေကြောင့် လားရှိုးမြို့နယ်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည် တစ်ထောင်ကျော်နေပြီလို့ သိရပါတယ်။

အီနိုင်းရွာကနေ လားရှိုးမြို့ကို ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည်တွေကို ၂၀၁၈ အောက်တိုဘာလ ၂၉ ရက်နေ့က တွေ့ရစဉ် Photo: Kan Thar/RFA

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့အကြား တိုက်ပွဲတွေနဲ့ စစ်ရေးတင်းမာမှုတွေကြောင့် လားရှိုးမြို့နယ်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တစ်ထောင်ကျော်နေပြီလို့ သိရပါတယ်။

နမ္မတူမြို့နယ်အတွင်း အောက်တိုဘာလ ၂၂ရက်လောက်ကစပြီး RCSS နဲ့ SSPP တို့အကြား ပစ်ခတ်မှုတွေ ရှိနေတာကြောင့် ထွက်ပြေးလာသူတွေနဲ့ မနေ့ကအထိ လားရှိုးမြို့နဲ့ ၁၀ မိုင်လောက်အကွာက အီနိုင်းရွာအနီး ပစ်ခတ်မှုတွေကြောင့် ထွက်ပြေးလာသူတွေဟာ လားရှိုးမြို့ပေါ်နဲ့ အီနိုင်းကျေးရွာတို့က ဘုန်းကြီးကျောင်းတွေကို ရောက်ရှိနေတာဖြစ်ပါတယ်။

နှစ်ဖက်တပ်တွေ နီးနီးကပ်ကပ်ရှိနေတဲ့အတွက် စစ်ရေးတင်းမာနေပြီး တိုက်ပွဲထပ်ဖြစ်နိုင်ခြေရှိတယ်လို့လည်း ဒုက္ခသည်တွေက ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org