ပြည်ခိုင်ဖြိုးပါတီ အာဘော် ပြည်ထောင်စု နေ့စဉ် သတင်းစာ ရပ်ဆိုင်း
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ အာဘော်သတင်းစာဖြစ်တဲ့ ပြည်ထောင်စု နေ့စဉ်သတင်းစာကို ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေခွင့် ယာယီရပ်ဆိုင်း လိုက်ပါတယ်။
-
2015-08-13 -
-
-
Your browser doesn’t support HTML5 audio
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ အာဘော်သတင်းစာဖြစ်တဲ့ ပြည်ထောင်စု နေ့စဉ်သတင်းစာ ကို ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းလိုက်ပါတယ်။ ပါတီတွင်းထိပ်ပိုင်း ခေါင်းဆောင် အပြောင်းအလဲတွေ ဆောင်ရွက်နေချိန်ဖြစ်တာကြောင့် အခုလို ယာယီရပ်ဆိုင်းလိုက်တာလို့ ပြည်ထောင်စု နေ့စဉ် သတင်းစာရဲ့ အယ်ဒီတာ မယဉ်ယဉ်လှက ပြောပါတယ်။
"ပါတီအတွင်း လူကြီးအပြောင်းအလဲ လုပ်ကြတဲ့အခါကျရင်တော့ သတင်းစာက ခဏရပ်ထားတဲ့အချိန်ပေါ့၊ ကြားကာလရောက်နေတဲ့အချိန်ပေါ့၊ အဲ့လိုဖြစ်နေတာပါ ခဏရပ်ထားပါလို့ပဲပြောထားတယ်"
သတင်းစာကို ယာယီရပ်ဆိုင်းလိုက်ပေမယ့် ဝန်ထမ်းတွေကို ထုတ်ပယ်လိုက်တာမရှိဘဲ ပုံမှန်အတိုင်း ရုံးတက်ကြဖို့ အသိပေးထားတယ်လို့ သိရပါတယ်။ ပြည်ထောင်စု နေ့စဉ်သတင်းစာကို ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်နေ့က စတင်ထုတ်ဝေခဲ့တာဖြစ်ပြီး၊ ဝန်ထမ်းအင်အား ၃၀၀ နီးပါးရှိပါတယ်။ ဒါ့အပြင် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီဥက္ကဌဟောင်း သူရဦးရွှေမန်းနဲ့ ဆက်စပ်မှုရှိတယ်လို့ ယူဆရတဲ့ ရှေ့ဆောင်ဂျာနယ် ကိုလည်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေခွင့်ယာယီရပ်ဆိုင်းလိုက်ပါတယ်။
ပြည်ထောင်စု နေ့စဉ်သတင်းစာရဲ့ အယ်ဒီတာ မယဉ်ယဉ်လှကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။