ဒေါ်အောင်ဆန်းစုကြည် ဆုရဇာတ်ကား အော်စကာအတွက် ဇကာတင်စာရင်းဝင်
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က ပထမဆုံး အကြိမ်ကျင်းပခဲ့တဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ဒေါ်အောင်ဆန်းစုကြည်ဆုရရှိခဲ့တဲ့ “The Act of Killing” မှတ်တမ်းရုပ်ရှင် ဇာတ်ကားဟာ ၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံးမှတ်တမ်း ရုပ်ရှင် အော်စကာဆု ဆန်ကာတင်စာရင်းဝင်အဖြစ် ရွေးချယ် ခံရတယ်လို့ သိရပါတယ်။
-
2014-01-17 -
-
-
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က ပထမဆုံးအကြိမ်ကျင်းပ ခဲ့တဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ဒေါ်အောင်ဆန်းစုကြည်ဆုရရှိခဲ့တဲ့ “The Act of Killing” မှတ်တမ်းရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံးမှတ်တမ်း ရုပ်ရှင် အော်စကာဆု ဆန်ကာတင်စာရင်းဝင် အဖြစ် ရွေးချယ်ခံရတယ်လို့ သိရပါတယ်။
ဒီကနေ့ ရန်ကုန်မြို့မှာ၂၀၁၄ ခုနှစ်အတွက်ကျင်းပမယ့် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကျင်းပရေး သတင်းစာရှင်းလင်းပွဲမှာ ရုပ်ရှင်ပွဲတော်ဖြစ်မြောက်ရေး ဦးဆောင်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဆန်ကာတင်စာရင်းဝင်သွားတဲ့ အကြောင်း ပြောပါတယ်။
“The Act of Killing” မှတ်တမ်းရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ Joshua Oppenheimer နဲ့ Signe Byrge Sørensen တို့က ရိုက်ကူးခဲ့တာဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံမှာ ၁၉၆၀ လောက်က ကွန်မြူနှစ်ဝါဒယုံကြည်သူတွေကို အစိုးရက အုပ်စုလိုက်သတ်ဖြတ်တဲ့အကြောင်းကို အခြေခံရိုက်ကူးခဲ့တာဖြစ်ပါတယ်။
ဒီနှစ်ဇွန်လမှာကျင်းပမယ့် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို အာဆီယံနိုင်ငံတွေက လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ မှတ်တမ်းရုပ်ရှင်တွေ၊ ဇာတ်လမ်းတိုရုပ်ရှင်တွေကို အဓိကထား ပြသသွားမှာမယ်လို့ သိရပါတယ်။
ရုပ်ရှင်ပွဲတော်မှာ ဝင်ရောက်ယှဉ်ပြိုင်လိုတဲ့ ဇာတ်ကားတွေကို ရန်ကုန်မြို့ ၉ မိုင်၊ သီရိကွန်ဒိုမှာရှိတဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာရုံးခန်းကို ဧပြီလ ၁၁ ရက်နေ့ နောက်ဆုံးထားပေးပို့ရမှာဖြစ်ပြီး ဆုတွေကို ‘ဒေါ်အောင်ဆန်းစုကြည်ဆု’၊ ‘ကိုမင်းကိုနိုင်ဆု’နဲ့ ‘မတ် ၁၃ ဆု’ ဆိုပြီး ပေးအပ်မှာဖြစ်ပါတယ်။
မနှစ်ကကျင်းပခဲ့တဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်က ဆုရဇာတ်ကားတွေကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ စတဲ့မြို့ကြီးတွေမှာ လှည့်လည်ပြသခဲ့ပါတယ်။
ဒါအပြင် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာရုံးခန်းမှာထားရှိတဲ့ မှတ်တမ်းရုပ်ရှင်ဇာတ်ကားပေါင်း ၃၀၀ ကျော်ကို မယ်သူမဆို အခမဲ့လာရောက်ကြည့်ရှုနိုင်တယ်လို့လည်း သိရပါတယ်။