သမီးလေးရွာ သားတွေ မြဝတီရောက်ပြီ

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ ဒေသခံ စစ်တပ်ကရွာတွေသိမ်းလိုက်လို့ အိုးအိမ် မဲ့ဖြစ်နေရတဲ့ သမီးလေးရွာ၊ အင်းပတီးရွာ နဲ့ ဒေါ်ကာလီရွာသားတွေဟာ ကရင်ပြည်နယ်မှာ အခြေ ချနေထိုင်ဖို့ မြဝတီမြို့ကို မနေ့ညနေကရောက်သွားကြပြီလို့ သိရပါတယ်။

သမီးလေးကျေးရွာ၊ ဒေါ်ကာလီကျေးရွာနဲ့ အင်းမတီးကျေး ရွာတွေက အိမ်ထောင်စု ၈၀ ဟာ DKBA ထိန်းချုပ်နယ်မြေ အတွင်းက ကျောက်ခက်ကျေးရွာကို ဧပြီလ ၁ ရက်နေ့က DKBA အဖွဲ့ရဲ့ အစီအစဉ်နဲ့ ပြောင်းရွှေ့စဉ် Photo : Kyaw Zaw Win, Lar Wah Shee/RFA

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ ဒေသခံစစ်တပ်က ရွာတွေသိမ်းလိုက်လို့ အိုးအိမ်မဲ့ဖြစ်နေရတဲ့ သမီးလေးရွာ၊ အင်းပတီးရွာနဲ့ ဒေါ်ကာလီရွာသားတွေ ဟာ ကရင်ပြည်နယ်မှာ အခြေချနေထိုင်ဖို့ မြဝတီမြို့ကို မနေ့ညနေက ရောက်သွားကြပြီလို့ သိရပါတယ်။

သူတို့ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မြေနေရာပေးပေမယ့် အဲဒီနေရာဟာ လုပ်ကိုင်စားသောက်ဖို့ မလွယ်တဲ့နေ ရာဖြစ်နေလို့ DKBA ခေါ် ဒီမိုကရေစီအကျိုးပြုကရင့် တပ်မတော်က ကမ်းလှမ်းထားတဲ့ ကရင်ပြည်နယ် က ကျောက်ခက်ရွာမှာနေထိုင် လုပ်ကိုင်စားသောက်ဖို့ လိုက်သွားကြတာဖြစ်ပါတယ်။

အဲဒီလိုလိုက်သွားတဲ့အခါ ပြီးခဲ့တဲ့ရက်က ကရင်ပြည်နယ် အရောက်မှာ အစိုးရတပ်တွေက တားထားပြီး၊ သွားခွင့်မပြုတဲ့အတွက်လမ်းမှာ ကြန့်ကြာခဲ့ရပါတယ်။ မနေ့က မြဝတီမြို့ကိုရောက်သွား တဲ့အခါ မြို့ခံတွေနဲ့ NLD အဖွဲ့ဝင်တွေ၊ ၈၈ မျိုးဆက် အဖွဲ့ဝင်တွေ က နွေးနွေးထွေးထွေး ကြိုဆိုကြပြီး စားသောက် စရာတွေလဲဝေငှပေးတယ်လို့သိရပါတယ်။

မနေ့ညက ဖားခြောက်ကောင် ဘုန်းကြီးကျောင်းမှာ ညအိပ်တည်းခိုကြပြီး ဒီမနက်မှာ ကျောက်ခက်ရွာကို ခရီးဆက်မယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မြဝတီမြို့ ၈၈ မျိုးဆက်အဖွဲ့က ကိုဌေးဝင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org