မြန်မာအလုပ်သမား ၁၃၀ ကျော် အလုပ်ရပ်နားခံရ

ထိုင်းနိုင်ငံ မင်ဘူလီမြို့နယ် နောင်ကျော့နယ်မြေက ကြက်သားထုတ်လုပ်တဲ့ Progress Food Processing ကုမ္ပဏီဟာ စက်ရုံရပ်နားတော့မှာဖြစ်လို့ မြန်မာအလုပ်သမား ၁၃၀ ကျော် အလုပ်ရပ်နားခံလိုက်ရပေမယ့် လုပ်သက်အလိုက် လျော်ကြေးမပေးတဲ့အတွက် မကျေနပ်ဘူးလို့ မြန်မာအလုပ်သမားတွေက ပြောပါတယ်။

MOU လုပ်သားများ အလုပ်ဖြုတ်ခံရသည့်အတွက် လူစုပြီး ဆန္ဒထုတ်ဖော်နေကြစဉ် Photo: Ye Min

ထိုင်းနိုင်ငံ မင်ဘူလီမြို့နယ် နောင်ကျော့နယ်မြေက ကြက်သားထုတ်လုပ်တဲ့ Progress Food Processing ကုမ္ပဏီဟာ စက်ရုံရပ်နားတော့မှာဖြစ်လို့ မြန်မာအလုပ်သမား ၁၃၀ ကျော် အလုပ်ရပ်နားခံလိုက်ရပေမယ့် လုပ်သက်အလိုက် လျော်ကြေးမပေးတဲ့အတွက် မကျေနပ်ဘူးလို့ မြန်မာအလုပ်သမားတွေက ပြောပါတယ်။

လျော်ကြေးကို လုပ်သက်အလိုက် ပေးတာမဟုတ်ဘဲ အလုပ်သမားအားလုံးကို ဘတ် ၉ ထောင်စီ ပေးတာမို့လို့ မကျေနပ်ကြဘူးလို့ လုပ်သက် ၄နှစ်ရှိပြီဖြစ်တဲ့ စက်ရုံအလုပ်သမား မဇင်မာ က ပြောပါတယ်။

"သူဌေးက မနိုင်တော့ဘူး။ မလုပ်နိုင်တော့ဘူး ပိုက်ဆံမရှိဘူးဘဲ ပြောတယ်။ ၁၃ ရက်နေ့မှာ ပြောပြီးတော့ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ဆင်းခိုင်းတယ်။ ဆင်းခိုင်းပြီးတော့ ၁၆ ရက်နေ့ ပိုက်ဆံအကုန်လုံးထုတ်ပေးမယ်။ ကိုးထောင်ပေးမယ်ဆိုပြီး ညီမတို့ကို လက်မှတ်ထိုးခိုင်းတာရှိတယ်။ ၇ နှစ်သမား ရှမ်းတွေရှိတယ်လေ။ ၇ နှစ်သမားလည်း ကိုးထောင်ပဲရမယ်။ ၄ နှစ်သမားလည်း ကိုးထောင်၊ ၄ လသမားလည်း ကိုးထောင်၊ ဘယ်နှစ်ရက် ပဲ အလုပ် လုပ်လုပ် ကိုးထောင်ပဲ MOU ဖြစ်တဲ့အတွက် ပေးမယ်ပေါ့။ အခုလည်းကျရော မပေးဘူး။"

အဲဒီမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား အများစုဟာ MOU စနစ်နဲ့ သွားရောက်တဲ့သူတွေဖြစ်ပါတယ်။ တချို့အလုပ်သမားတွေဆိုရင် လုပ်သက် ၂ လလောက်သာရှိသေးပြီး တချို့ကတော့ လုပ်သက် ၄ နှစ်ကျော်တဲ့ အလုပ်သမားတွေရှိတယ်လို့ သိရပါတယ်။

လျော်ကြေးငွေနဲ့ ပတ်သက်လို့ အလုပ်သမားတွေဘက်က မကျေနပ်တာကြောင့် သူတို့ကို ပို့ဆောင်ပေးတဲ့ အကျိုးဆောင်ကုမ္ပဏီထံ အကြောင်းကြားထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org