နို့ဘိုးဒုက္ခသည်စခန်း မီးလောင်

ထိုင်း-မြန်မာ နယ်စပ်မှာ မြန်မာဒုက္ခသည်တွေ ခိုလှုံနေတဲ့ နို့ဘိုး ဒုက္ခသည်စခန်းမှာ ဒီနေ့ နေ့လယ်က မီးလောင်ခဲ့တာကြောင့် လူနေအိမ် ၅၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ကရင်ဒုက္ခသည်များ ကော်မတီ ဥက္ကဋ္ဌ ဦးရောဘတ်ထွေးက RFA ကို ပြောပါတယ်။

ထိုင်း-မြန်မာ နယ်စပ်မှာ မြန်မာဒုက္ခသည်တွေ ခိုလှုံနေတဲ့ နို့ဘိုး ဒုက္ခသည်စခန်းမှာ ၂ဝ၁၉ ခုနှစ် မတ်လ ၄ ရက်နေ့က မီးလောင်မှုကို တွေ့ရစဉ် Photo: Eh A Ki

ထိုင်း-မြန်မာ နယ်စပ်မှာ  မြန်မာဒုက္ခသည်တွေ ခိုလှုံနေတဲ့ နို့ဘိုး ဒုက္ခသည်စခန်းမှာ ဒီနေ့ နေ့လယ်က မီးလောင်ခဲ့တာကြောင့် လူနေအိမ် ၅၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ကရင်ဒုက္ခသည်များ ကော်မတီ ဥက္ကဋ္ဌ ဦးရောဘတ်ထွေးက RFA ကို ပြောပါတယ်။

မီးလောင်ပျက်စီးသွားတဲ့ ဒုက္ခသည်စခန်းကို သွားရောက်ကြည့်ရှုနေသူတွေနဲ့ အဆက်အသွယ် မရသေးတာကြောင့် ထိခိုက်ဒဏ်ရာရှိမှုနဲ့ ပျက်စီးဆုံးရှုံးမှု အတိုင်းအတာကို အတိအကျ မပြောနိုင်သေးကြောင်းနဲ့ နေအိမ် ၅၀ကျော်လောက်တော့ မီးလောင်သွားတယ်လို့ ကြားသိရကြောင်း ဦးရောဘတ်ထွေးက ပြောပါတယ်။

ဒီမီးလောင်တဲ့အကြောင်းအရင်းနဲ့ ထိခိုက်မှုအခြေအနေသိရှိနိုင်ဖို့ စခန်းတာဝန်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

အဲဒီဒုက္ခသည်စခန်းမှာ မြန်မာနိုင်ငံသား ဒုက္ခသည် ၁ သောင်း ၄ ထောင်ဝန်းကျင် ခိုလှုံနေတယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org