မြန်မာလုပ်သား အကျိုးဆောင်သူကို ထိုင်းတရားရုံး ထောင်ချ

ထိုင်းအစိုးရတရားရုံးတရုံးက ဘန်ကောက် မြို့ အခြေစိုက်ပြီး ထိုင်းနိုင်ငံရောက် နိုင် ငံခြားသား အလုပ်သမားတွေရဲ့ အခွင့် အရေးအတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ MWRN အဖွဲ့ခေါင်းဆောင် Andy Hall အင်န်ဒီ ဟောလ် ကို ထိုင်းနိုင်ငံရှိ သစ်သီးကုမ္ပဏီတခု က အလုပ်သမားတွေ အခွင့်အရေးနစ်နာမှုနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့ တခုကို ၂ဝ၁၃ ခုနှစ်က သတင်းပေးခဲ့ရာမှာ ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေခဲ့တယ်ဆိုတဲ့ စွဲဆိုချက်နဲ့ မနေ့က ထောင် ၃ နှစ် ချမှတ်လိုက်ပါတယ်။

ထိုင်းနိုင်ငံရောက် နိုင်ငံခြားသား အလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ MWRN အဖွဲ့ခေါင်းဆောင် Andy Hall (အင်္ကျီအပြာ) ကို စက်တင်ဘာလ ၂ဝ ရက်နေ့က တွေ့ရစဉ် Photo: Andy Hall Facebook

ထိုင်းအစိုးရတရားရုံးတရုံးက ဘန်ကောက်မြို့အခြေစိုက်ပြီး ထိုင်းနိုင်ငံရောက် နိုင်ငံခြားသား အလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ MWRN အဖွဲ့ခေါင်းဆောင် Andy Hall အင်န်ဒီ ဟောလ် ကို ထိုင်းနိုင်ငံရှိ သစ်သီးကုမ္ပဏီတခု က အလုပ်သမားတွေ အခွင့်အရေးနစ်နာမှုနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့ တခုကို ၂ဝ၁၃ ခုနှစ်က သတင်းပေးခဲ့ရာမှာ ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေခဲ့တယ်ဆိုတဲ့ စွဲဆိုချက်နဲ့ မနေ့က ထောင် ၃ နှစ် ချမှတ်လိုက်ပါတယ်။

အခုလုိအပြစ်ပေးတဲ့အတွက် နိုင်ငံခြား အလုပ်သမားတွေကို ခေါင်းပုံဖြတ်နေတဲ့ တခြားကုမ္ပဏီတွေကလည်း အလားတူလိုက်ပါဆောင်ရွက်လာကြလိမ့်မယ်လို့ လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ အာရှတိုက် ညွန်ကြားရေးမှူး Brad Adams က ထိုင်းအစိုးရကို ဝေဖန်ပြစ်တင်လိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံခြားအလုပ်သမား ၃ သန်းကျော်ရှိပြီး အများစုက မြန်မာနိုင်ငံသားတွေဖြစ်ပါတယ်။ Andy Hall ဟာ မြန်မာအလုပ်သမားတွေ အကျိုးဆောင်မှုနဲ့ ထင်ရှားသူတဦးလည်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org