အကြမ်းဖက်အဖွဲ့ ခြိမ်းခြောက်မှု ကြိုတင်ပြင်ဆင်ထားဖို့ သတိပေး

မြန်မာနိုင်ငံအပေါ် အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့က ပစ်မှတ်ထား ခြိမ်းခြောက်မှုနဲ့ ပတ်သက်လို့ သတိထား ကာကွယ်ကြဖို့နဲ့ တာဝန်ရှိသူတွေအနေနဲ့ လိုအပ်တဲ့ဆောင် ရွက်မှုတွေ ပြည့်ပြည့်စုံစုံ စီမံလုပ်ဆောင်ဖို့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး (မဘသ ) အဖွဲ့ (ဗဟို) က ဒီကနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံအပေါ် အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့က ပစ်မှတ်ထားခြိမ်းခြောက်မှုနဲ့ ပတ်သက်လို့ သတိထား ကာကွယ်ကြဖို့နဲ့ တာဝန်ရှိသူတွေအနေနဲ့ လိုအပ်တဲ့ဆောင်ရွက်မှုတွေ ပြည့်ပြည့်စုံစုံ စီမံလုပ်ဆောင်ဖို့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး (မဘသ ) အဖွဲ့ (ဗဟို) က ဒီကနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

အကြမ်းဖက်တွေက မြန်မာပြည်ရဲ့ လက်ရှိအခြေအနေအပေါ် ဘာသာရေးကို အခြေခံပြီး အန္တရာယ်ပြုမှာကို စိုးရိမ်တဲ့အတွက် ခုလိုကြေညာချက်ထုတ်ပြန်ရတာဖြစ်ကြောင်း မဘသ (ဗဟို) ရဲ့ဥက္ကဌ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ဆရာတော် အရှင်တိလောကဘိဝံသ က မိန့်ကြားပါတယ်။

"မြန်မာပြည်ရဲ့ လက်ရှိအခြေအနေအရ ဆင်းရဲမွဲတေမှှုပေါ်မူတည်ပြီးတော့ ဘာသာရေးနိုးကြွမှှုတို့၊ အမျိုးဘာသာစောင့်ရှောက်မှှုတို့က အားနည်းနေတဲ့အချိန်အခါ ဦးဇင်းတို့ ဒီနိုင်ငံရေးကို ဝင်မယ် ဆိုရင်တော့ အန္တရာယ်ရှိနေတော၊့ ဒါကြောင့်မို့လို့ ဒါတွေကို တွက်ချက်ပြီးတော့၊ အားလုံးသတိထားပြီး ကာကွယ်ကြပါ၊ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ တာဝန်ယူပေးကြဖို့ ဦးဇင်းတို့ ကြေညာတယ်၊ ဒီလိုလုပ်ရပ်ကို လည်း ၂၁ ရာစုမှာ မရှိသင့်တဲ့၊ မလုပ်သင့်တဲ့အရာတွေဖြစ်လို့ ကန့်ကွက်ပါတယ်ဆိုတဲ့ အကြောင်း ကြေညာထားတယ်"

အယ်လ်ကိုင်းဒါး အကြမ်းဖက် အဖွဲ့ခေါင်းဆောင် အယ်လ်-ဇာဝါဟရီ က မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေ မှာ Al-Qaeda အဖွဲ့ခွဲတစ်ဖွဲ့ကို အိန္ဒိယမှာဖွဲ့စည်းထားကြောင်း ၊ အဲ့ဒီအဖွဲ့က မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အာသံ၊ ဂူဂျာရတ်၊ ကက်ရှ်မီးယားက မွတ်စလင်တွေကို မမျှတမှုတွေ ဖိနှိပ်ခံရမှုတွေက လွတ်ကင်းအောင် ဂျီဟတ်တိုက်ပွဲ ဆင်နွှဲသွားမှာဖြစ်ကြောင်း စက်တင်ဘာ ၃ ရက်နေ့က ဗွီဒီယိုကနေ တဆင့်ပြောဆိုခဲ့ပါတယ်။

နိုင်ငံတော်သမ္မတရုံးက အကြီးတန်းအရာရှိ တစ်ဦၤီးကတော့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ ပစ်မှတ်ဖြစ်လာနိုင်တယ်ဆိုတာ ပြီးခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ကြိုတင်ရိပ်စားသိရှိထားတဲ့ အတွက် နိုင်ငံလုံခြုံရေးအတွက် ကြိုတင်စောင့်ကြည့်လေ့လာ သတိပေးစနစ်အပါအဝင် လိုအပ်တဲ့ပြင်ဆင် မှုတွေ ဆောင်ရွက်ထားခဲ့တယ်လို့ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org