ထားဝယ်ဆိပ်ကမ်း စီမံကိန်းအတွက် ကျေးရွာ ၅ ရွာ စတင်ပြောင်းရွှေ့ခိုင်း
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှာ အကောင်အထည်ဖော်မယ့် ထားဝယ် ရေနက်ဆိပ်ကမ်း ဆောက်လုပ်ရေး စီမံကိန်းအတွက် ကျေးရွာ ၁၉ ရွာကို ဖယ်ရှားပေးဖို့ သက်ဆိုင်ရာက သတ်မှတ်လိုက်ပြီလို့ သိရပါတယ်။
-
2011-08-27 -
-
-
တနင်္သာရီတိုင်း မြေပုံ ဖြစ်ပါသည်။
(Map: RFA)
ပထမဆုံး အနေနဲ့ နဘူးလယ်ကျေးရွာ အပါအဝင် ကျေးရွာငါးရွာက အိမ်ခြေ ၁၄၉ဝ လုံးကို ပြောင်းရွှေ့ပေးနေရပြီလို့ ဒေသခံတဦိးက ပြောပါတယ်။
အခုလို ပြောင်းရွှေ့ရတဲ့အတွက် နှစ်ပေါင်းများစွာ အဲဒီဒေသမှာ အခြေချ နေထိုင်ခဲ့တဲ့ ဒေသခံတွေအတွက် ဆုံးရှုံးနစ်နာမှု များတယ်လို့ ဒေသခံတဦးက RFA ကို ပြောပါတယ်။
ထိုင်းကုမ္ပဏီက လျော်ကြေးငွေ ပေးပေမယ့်လည်း ဆုံးရှုံးပျက်စီးတာတွေကို မကာမိကြောင်း၊ သူတို့ပေးတဲ့ ရာဘာပင်တပင် ကျပ်ငါးထောင်နဲ့ သီဟိုပင်တပင် ကျပ်ကိုးထောင် ဆိုတာ လွန်စွာ နည်းပါးကြောင်းလည်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။
ထိုင်းနိုင်ငံ ကန်ချနပူရီပြည်နယ်ရှိ အာရှ အဝေးပြေးလမ်းမကြီးနဲ့ ဆက်သွယ်မယ့် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် အီတာလျံ-ထိုင်း ဖက်စပ်ကုမ္ပဏီက အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံ ရင်းနှီးမြုပ်နှံမယ်လို့ သိရပါတယ်။ စီမံကိန်းကို အပိုင်းသုံးပိုင်းခွဲ တည်ဆောက်မှာဖြစ်ပြီး စီမံကိန်းပြီးစီးဖို့ ၁ဝ နှစ်နီးပါး ကြာမြင့်မယ်လို့ သိရပါတယ်။