မြန်မာဒုက္ခသည် ၁၁၀,၀၀၀ ကျော် UNHCR ဓါတ်ပုံ မှတ်တမ်းရယူ

ထိုင်း မြန်မာ နယ်စပ်ဒေသရှိ ဒုက္ခသည်စခန်း ကိုးခုက မြန်မာဒုက္ခသည် တစ်သိန်း တစ်သောင်းကျော်ကို UNHCR က အခုအခါ Biometric ခေါ် ခေတ်မီစက်ပစ္စည်းတွေနဲ့ မှတ်ပုံတင်လုပ်ငန်းတွေ လုပ်နိုင်ခဲ့ပြီလို့ သိရပါတယ်။

ထိုင်း မြန်မာ နယ်စပ်ဒေသရှိ ဒုက္ခသည်စခန်း ကိုးခုက မြန်မာဒုက္ခသည် တစ်သိန်း တစ်သောင်းကျော်ကို UNHCR  က  အခုအခါ  Biometric ခေါ် ခေတ်မီစက်ပစ္စည်းတွေနဲ့  မှတ်ပုံတင်လုပ်ငန်းတွေ လုပ်နိုင်ခဲ့ပြီလို့ သိရပါတယ်။

အခုနှစ်ဆန်းကနေ မေလအတွင်း ထိုင်းနိုင်ငံအစိုးရရဲ့ ခွင့်ပြုချက်နဲ့  UNHCR အဖွဲ့ဝင် ၇၀ ကျော်က   ဒုက္ခသည်စခန်းတွေကို  မိုင်ပေါင်းများစွာ လှည့်လည်သွားရောက်ပြီး လက်ဗွေနဲ့ မျက်လုံးထဲက သူငယ်အိမ်တို့ကို ဓါတ်ပုံရိုက်မှတ်တမ်းယူခဲ့ကြပါတယ်။  ပြီးတဲ့နောက်  အဲဒီဒုက္ခသည်တွေကို   မိသားစုအချက်အလက်တွေနဲ့ ဓါတ်ပုံပါရှိတဲ့ စမတ်ကတ်တစ်ခုစီ ထုတ်ပေးပါတယ်။

အဲဒီလို ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် UNHCR ရုံးတွေမှာ အရင်ကရှိပြီးမှတ်တမ်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး ကမ္ဘာ့ဘယ်အရပ်ဒေသမှာပဲ ရောက်နေနေ လိုအပ်တဲ့အကူအညီတွေ ပေးသွားနိုင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org