တာဝန်ပေါ့လျော့မှုနဲ့ သစ်တောဝန်ထမ်း ၂၈ ဦးကို အရေးယူ

စစ်ကိုင်းတိုင်းဒေသကြီးက သစ်တော ကြိုးဝိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ သစ်တောဝန်ထမ်း ၂၈ ဦးကို သစ်ခိုးထုတ်တာတွေ ဖမ်းဆီးဖို့ တာဝန်ပေ့ါလျော့မှုနဲ့ အရေးယူလိုက်ပါတယ်။

ခုတ်ယူထားတဲ့ သစ်လုံးတွေကို တွေ့ရစဉ် Photo: Nay Thwae/RFA

စစ်ကိုင်းတိုင်းဒေသကြီးက သစ်တောကြိုးဝိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ သစ်တောဝန်ထမ်း ၂၈ ဦးကို သစ်ခိုးထုတ်တာတွေ ဖမ်းဆီးဖို့ တာဝန်ပေ့ါလျော့မှုနဲ့ အရေးယူလိုက်ပါတယ်။

လက်ထောက်ညွှန်ကြားရေးမှူး အဆင့်ကနေ သစ်တောခေါင်းအဆင့်ရှိတဲ့ ဝန်ထမ်းတွေကို တာဝန်ပေါ့လျှော့မှုနဲ့ အရေးယူထားတာလို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇောက ပြောပါတယ်။
 

"တရားမဝင်သစ်ထုတ်လုပ်တဲ့နေရာတွေရှိတယ် သူတို့နေရာတွေမှာ တရားမဝင်သစ်ခိုးလုပ် တဲ့ဖြစ်စဉ်တွေ ပေါ်ပေါက်တယ်။ ပေါ်ပေါက်မှုကို ဌာနဆိုင်ရာစုံစမ်းစစ်ဆေးမှုတွေဆောင်ရွက် တဲ့နေရာမှာ ကြီးကြပ်မှု အားနည်းတယ်လို့ ကျနော်တို့က သတ်မှတ်တာ။ များသောအားဖြင့် လက်ထောက်ညွှန်မှူးအဆင့်ကနေ တောခေါင်းအဆင့်အထိ အဆင့်ဆင့်ကို အရေးယူဆောင်ရွက်တာပါ" လို့ ဦးကျော်ဇော က ပြောတာဖြစ်ပါတယ်။

အဲ့ဒီနယ်မြေမှာတာဝန်ကျနေတဲ့ ဝန်ထမ်းအင်အား လေးထောင်ကျော်ရှိပြီး သစ်တောကြိုးဝိုင်းဧရိယာ ဧက ရှစ်ထောင်ကို ဝန်ထမ်းတစ်ယောက်နှုန်းနဲ့ ကြီးကြပ်စစ်ဆေးမှုတွေဆောင်ရွက်ရတာဖြစ်တဲ့အတွက် ဝန်ထမ်းအင်အားမျှတမှုမရှိဘူးလို့လည်း ပြောပါတယ်။
 
အရေးယူဆောင်ရွက်ရာမှာ အလုပ်ထုတ်ပစ်တာမျိုးမဟုတ်ဘဲ ရာထူးလျှော့ချတာ၊ လစာလျှော့ချတာနဲ့ သတိပေးတာတွေ ဆောင်ရွက်တာဖြစ်ပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org