မွန်ပြည်နယ်မှာ ဝန်ထမ်း ၂၂ ဦးကို လာဘ်ယူမှုနဲ့ အရေးယူ

မွန်ပြည်နယ် အစိုးရဝန်ကြီးဌာနတွေက ဝန်ထမ်း ၂၂ ဦးကို လာဘ်ပေးလာဘ်ယူမှုနဲ့ အရေးယူထားတယ်လို့ မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦး က ပြောပါတယ်။

မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦး ကို မွန်ပြည်နယ်လွှတ်တော်မှာ ဇွန်လ ၁၆ ရက်နေ့က တွေ့ရစဉ် Photo: Kyaw Lwin Oo/RFA
မွန်ပြည်နယ် အစိုးရဝန်ကြီးဌာနတွေက ဝန်ထမ်း ၂၂ ဦးကို လာဘ်ပေးလာဘ်ယူမှုနဲ့ အရေးယူထားတယ်လို့ မွန်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောပါတယ်။

ဒီနေ့ကျင်းပတဲ့ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ သထုံမြိုနယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက မွန်ပြည်နယ်အတွင်းဖြစ်ပွားနေတဲ့ လာဘ်ပေးလာဘ်ယူမူတွေနဲ့ ပတ်သက်ပြီး အရေးယူမှု မေးမြန်းရာမှာ လုံခြုံရေးနဲ့ နယ်စပ်ရေးဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက လွှတ်တော်မှာ ဖြေကြားခဲ့ တာဖြစ်ပါတယ်။

မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးဌာန၊ ဆည်မြောင်းဦးစီးဌာနတွေက အမှုတစ်မှုစီ၊ အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနက နှစ်မှု၊ လျှပ်စစ်ဌာနက သုံးမှုနဲ့ ပညာရေးဌာနက ၁၄ မှု စုစုပေါင်း အမှု ၂၂ မှု ကို အရေးယူထားတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်အတွင်း လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက်တဲ့ တိုင်စာတွေဟာ တိုင်ကြားစာ သနားခံစာများ လေ့လာ သုံးသပ်စီစစ်ရေးကော်မတီကို အများဆုံးရောက်ရှိတယ်လို့ အဲဒီကော်မတီရဲ့ ဥက္ကဌ ဦးအောင်ကျော်သူ က ပြော ပါတယ်။

မွန်ပြည်နယ်မှာ ပြည်ပကိုအလုပ်ထွက်လုပ်တဲ့ လူတွေများတာကြောင့် နိုင်ငံကူးလက်မှတ် Passport လုပ်တဲ့နေရာတွေမှာ လာဘ်ပေးရတာတွေ၊ ကျောင်းအပ်ရာသီမှာ ကျောင်းတွေက လာဘ်ပေးလာဘ်ယူတာတွေ စတဲ့တိုင်စာတွေများပြီး အရေးယူမှုပိုင်းမှာ အားနည်းတယ်လို့ ဦးအောင်ကျော်သူက ပြောပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org