ပညာရေးမူကြမ်း လွှတ်တော်မှာ ကြားနာမယ့်ကိစ္စ ကျောင်း သားတွေ စိုးရိမ်
အမျိုးသားပညာရေးဥပဒေပြင်ဆင်ဖို့ အစိုး ရနဲ့ ကျောင်းသားတွေအပါအဝင် လေးပွင့်ဆိုင်ဆွေးနွေးပွဲ ရလဒ်ဖြစ်တဲ့ ပညာရေးဥပဒေမူကြမ်းကို အမျိုးသား လွှတ်တော်မှာကြားနာမယ်လို့ ထုတ်ပြန်လိုက်တာ ဟာ လေးပွင့်ဆိုင်သဘောတူညီချက်တွေကို ပြန်ဖျက်တော့ မယ့်လုပ်ရပ်အဖြစ် ခံစားမိတယ်လို့ ကျောင်းသား ကိုယ်စား လှယ်တွေက ပြောဆိုပါတယ်။
-
2015-02-25 -
-
-
Your browser doesn’t support HTML5 audio
အမျိုးသားပညာရေးဥပဒေပြင်ဆင်ဖို့ အစိုးရ နဲ့ ကျောင်းသားတွေအပါအဝင် လေးပွင့်ဆိုင်ဆွေးနွေးပွဲ ရလဒ်ဖြစ်တဲ့ ပညာရေးဥပဒေမူကြမ်းကို အမျိုးသား လွှတ်တော်မှာကြားနာမယ်လို့ ထုတ်ပြန်လိုက်တာ ဟာ လေးပွင့်ဆိုင်သဘောတူညီချက်တွေကို ပြန် ဖျက်တော့မယ့်လုပ်ရပ်အဖြစ် ခံစားမိတယ် လို့ ကျောင်းသား ကိုယ်စားလှယ်တွေက ပြောဆို ပါတယ်။
အခုလို လွှတ်တော်မှာကြားနာတယ်ဆိုတာမျိုးကို တိုင်းပြည်အတွက်အရေးကြီးတဲ့ ဥပဒေပြင်ဆင်ရေးတွေ မှာတောင် မတွေ့ဘူးခဲ့ကြောင်း ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အမှုဆောင် ကိုအောင်မှိုင်းဆန်း က RFA ကို ပြောပါတယ်။
"ကျနော်တို့ လေ့လာမိသလောက်ကတော့ တိုင်းပြည်အတွက် အရေးကြီးပါတယ်ဆိုတဲ့ ဥပဒေတောင်မှ ဒီလိုလုပ်ခဲ့တာမတွေ့ဘူးဗျ၊ ဒီလိုမျိုးဥပဒေကြမ်းတစ်ခုအပေါ်မှာ အများပြည်သူဝိုင်းဝန်းငြင်းခုံပြီးတော့ တကယ်ကို သမာသမတ်ကျပြီးတော့ တည်တံ့ခိုင်မြဲအောင်လုပ်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့လုပ်ခဲ့တာ တခါမှ မတွေ့သေးဘူး၊ အမျိုးသားပညာရေးဥပဒေ စပြဌာန်းတုန်းကဆိုရင် ပိုတောင်ဆိုးသေးတယ်၊ လူမသိသူမသိ၊ ကျနော်တို့တောင် နောက်မှတွေ့ရတဲ့ကာလတွေဖြစ်နေတယ်၊ ခုနားလည်သလောက်က ဒါအစိုးရက တကယ်တန်းကတော့ ကျနော်တို့တောင်းဆိုနေတဲ့အချက်တွေကို သူတို့လိုက်လျောမယ့်အနေအထားမှာ မရှိဘူး၊ ဒီလိုမျိုးလုပ်တယ်ဆိုတာ သူတို့လေးပွင့်ဆိုင်သဘောတူညီမှုကို သူတို့ပြန်ပြီးတော့ဖျက်ချင်တဲ့ အဓိပ္ပာယ်ကိုရောက်နေတယ်လို့ ကျနော်တို့ခံစားရတာပေါ့"
အမျိုးသားလွှတ်တော်မှာပြုလုပ်မယ့် အဲဒီ့ကြားနာပွဲကို မတ်လ ၅ ရက်နေ့ကနေ ၁၅ ရက်နေ့ထိ အဖွဲ့တူတွေအလိုက် သီးခြားစီပြုလုပ်မှာဖြစ်ပါတယ်။
အဲဒီအဖွဲ့တွေထဲမှာ ကျောင်းသားကိုယ်စားလှယ်နဲ့ NNER ပညာရေးကွန်ရက်တို့ပါဝင်သလို၊ နိုင်ငံရေးပါတီတွေ၊ မှတ်ပုံတင်ထားတဲ့ အရပ်ဘက်လူမှုရေးအဖွဲ့တွေ၊ အကြံပြုစာပေးပို့ထားတဲ့ပုဂ္ဂိုလ်တွေ၊ ဒီမိုကရေစီပညာရေးသပိတ်ကို အားပေးခဲ့တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ပါဝင်ရမယ်လို့ဖေါ်ပြထားပြီး၊ တစ်ဖွဲ့ကို လူ၂၀ စီ သတ်မှတ်ထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် အမှုဆောင် ကိုအောင်မှိုင်းဆန်း ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်း ခဲ့ပါတယ်။