မြစ်ကြီးနား နည်းပညာတက္ကသိုလ်မှာ သမဂ္ဂ ဖွဲ့စည်း

ကချင်ပြည်နယ် မြစ်ကြီးနား နည်းပညာ တက္ကသိုလ်မှာ နည်းပညာ တက္ကသိုလ် ကျောင်းသားသမဂ္ဂကို ဖွဲ့စည်းလိုက်ကြောင်း မြစ် ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်က မန္တလေးကျောင်းမှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်က မန္တလေးကျောင်းတိုက်မှာ ၂၀၁၅ ခုနှစ် ဇွန်လ ၃၀ ရက်နေ့က မြစ်ကြီးနား နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂဖွဲ့စည်းကြောင်း မီဒီယာရှင်းလင်းပွဲပြုလုပ်စဉ် Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် မြစ်ကြီးနား နည်းပညာတက္ကသိုလ်မှာ နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂကို ဖွဲ့စည်း လိုက်ကြောင်း မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်က မန္တလေးကျောင်းမှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

မြစ်ကြီးနား နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုဂွမ်ရိန်အာင်က ဒီမိုကရေစီပညာရေး ရရှိတဲ့အထိ ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။

"ဒီမိုကရေစီပညာရေး ရရှိရန်အတွက် ကျောင်းသားတစ်ယောက်ရရှိမယ့် အခွင့်အရေးတွေကို ဒီမိုကရေစီနည်းကျစွာ တောင်းဆိုသွားမှာဖြစ်ပါတယ်"

လက်ရှိကျောင်းတက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေထဲက ၁၆ ယောက်နဲ့ မြစ်ကြီးနား နည်းပညာ တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ကို စတင်ဖွဲ့စည်းလိုက်တာဖြစ်ပြီး ဗဟိုကော်မတီဝင် ၉ ဦးကိုလည်း ရွေးချယ်ထား ပါတယ်။

မြစ်ကြီးနားမြို့မှာ တက္ကသိုလ်ကျောင်း ၃ ကျောင်းရှိတဲ့အထဲက နည်းပညာတက္ကသိုလ်မှာ ကျောင်းသားသမဂ္ဂကို ပထမဆုံး စတင်ဖွဲ့စည်းလိုက်တာလည်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org