မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သား သပိတ် ဆင်နွှဲမည်
အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ဖို့ ရက်ပေါင်း ၆၀ ကန့်ကွက်ဆန္ဒပြထားပေမဲ့ အစိုးရဘက်က တုံ့ပြန်မှုမရှိခဲ့တဲ့အတွက် မြန်မာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားသပိတ်ကြီး ဆင်နွှဲမယ်သွားမယ်လို့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှုအဖွဲ့က ဒီနေ့ ပြော လိုက်ပါတယ်။
-
2015-01-17 -
-
-
Your browser doesn’t support HTML5 audio
အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ဖို့ ရက်ပေါင်း ၆၀ ကန့်ကွက်ဆန္ဒပြထားပေမဲ့ အစိုးရဘက်က တုံ့ပြန်မှု မရှိခဲ့တဲ့အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သပိတ်ကြီး ဆင်နွှဲမယ်သွားမယ်လို့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှုအဖွဲ့က ဒီကနေ့ ပြောလိုက်ပါတယ်။
ရန်ကုန်မြို့ ၅၁ လမ်းက နိုင်ငံရေးသိပ္ပံသင်တန်းကျောင်း မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှုအဖွဲ့ရဲ့ ဦးဆောင်ကော်မတီဝင် ကိုဇေယျာလွင်က အခုလို ပြောကြားခဲ့တာပါ။
"အစိုးရဘက်ကနေပြီး ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီကို ညှိနှိုင်းဖို့အတွက် ကမ်း လှမ်းခြင်းမရှိတဲ့အတွက် ရှေ့လျှောက်လုပ်ငန်းစဉ် ကတော့ ကျနော်တို့ရဲ့လှုပ်ရှားမှုတွေကို ရက် ၆ဝ အပြင်လှုပ်ရှားမှုတွေအားလုံးကို မန္တလေးမှာကျနော်တို့ ပထမဦးဆုံးစမည်၊ ပြီးရင် တစ်နိုင်ငံလုံးမှာရှိ တဲ့ ကျောင်းသားသပိတ်တွေအားလုံးကို နည်းမျိုးစုံပုံသဏ္ဍန်အမျိုးမျိုးဖြင့် ကွဲပြားမှုမျိုးစုံဖြင့် ရန်ကုန်ကို ချီတက်လာပါလိမ့်မယ်၊ အဲ့ကျောင်းသားသပိတ်တွေအားလုံး ချီတက်လာပြီးနောက် ရန်ကုန်မှာ ၁၅ ရက်အတွင်း သပိတ်စခန်းဖွင့်အောင် ကျနော်တို့ကြိုးစားထားပါတယ်"
လက်ရှိပြဌာန်းထားတဲ့ အမျိုးသားပညာရေးဥပဒေကို နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ ပညာရေးစနစ်ပြုပြင်ပြောင်း လဲမှု နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER နဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီတို့ ပါဝင်တဲ့ လေး ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာလက စတင်ဆန္ဒပြတောင်းဆိုခဲ့တာဖြစ်ပြီး ရက်ပေါင်း ၆၀ အတွင်း အကောင်အထည်ဖော်ပေးဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။
ဇန်နဝါရီလ ၁၆ ရက်နေ့ဟာ ရက်ပေါင်း ၆၀ ပြည့်ပြီဖြစ်တဲ့အတွက် ကျောင်းသားတွေအနေနဲ့ လှုပ်ရှားမှုတွေ ကို ဆောင်ရွက်သွားဖို့ အခုလို သတင်းစာရှင်းလင်းပွဲ ကျင်းပတာဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီအမျိုးသားပညာရေး ဥပဒေကို ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်မှုကော်မတီက ရေးဆွဲခဲ့ တာဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ဝ ရက်နေ့က အတည်ပြုခဲ့တာဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုနဲ့ပတ်သက်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ အတွင်းရေးမှူး မဖြိုးဖြိုးအောင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။