သပိတ်မှောက်ကျောင်းသားများ မကွေးမြို့ကို ဆက်လက်ထွက်ခွါ

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေကြတဲ့ ကျောင်း သူ ကျောင်းသားတွေဟာ မကွေး တိုင်းဒေသကြီး ရေနံချောင်းမြို့ကနေ မကွေးမြို့ကို ဒီနေ့ ဆက်လက်လမ်းလျှောက် ဆန္ဒပြကြပါတယ်။

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြတဲ့ ကျောင်း သားတွေ ဖေဖော်ဝါရီလ ၁ ရက်နေ့က ရေနံချောင်းမြို့ကနေ မကွေးမြို့ကို ချီတက်လာစဉ် Photo: Hset Paing Toe/RFA

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေကြ တဲ့ ကျောင်းသူ ကျောင်းသားတွေဟာ မကွေးတိုင်းဒေ သကြီး ရေနံချောင်းမြို့ကနေ မကွေးမြို့ကို ဒီနေ့ ဆက်လက်လမ်းလျှောက် ဆန္ဒပြကြပါတယ်။

လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲွရလဒ်တွေ ခိုင်မာဖို့ အတွက် ကျောင်းသားသပိတ်ကို ရပ်တန့်မှာမဟုတ်ဘူး လို့ သပိတ်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကို က ပြောပါတယ်။

"ကျနော်တို့ ကိုယ်စားလှယ်တွေ ဒီဆွေးနွေးပွဲ မှာ ဆွေးနွေးရန်ရှိတဲ့ အချက်အလက်တွေ ကျနော်တို့ တောင်းဆိုထားတဲ့ အချက်အလက်တွေကို ဆက်လက်ပြီးတော့ တဆင့်ခြင်းစီ ဆွေးနွေးသွားမှာပဲ၊ ဒါပေမဲ့ ကျနော်တို့ ဒီဘက်မှာလှုပ်ရှားနေတဲ့ ကျောင်း သားလှုပ်ရှားမှု အရှိန်အဟုန်ကလည်း မြင့်မားမှု ရှိတာကတစ်ကြောင်း၊ ပြီးတော့ ဒီလိုလှုပ်ရှားမှုတွေရှိ မှ ဆွေးနွေးပွဲမှာ ရလဒ်တိတိကျကျထွက်လာဖို့ သေချာတယ်လို့ ကျနော်တို့ယူဆတယ်၊ လှုပ်ရှားမှုမရှိဘဲ ငြိမ်သွားမယ်ဆိုရင် ဆွေးနွေးပွဲမှာ ကျနော်တို့ရဲဘော်တွေ ဆွေးနွေးရတဲ့နေရာမှာ အစိုးရအနေနဲ့ လေးလေးစားစား ရှိမှာမဟုတ်ဘူး၊ ဖိအားပေးရင်း တိုက်ပွဲဝင်ရေးကို ကျနော်တို့ ဆက်ပြီးသွားမှာပါ"

ရေနံချောင်းကောလိပ်နဲ့ နည်းပညာတက္ကသိုလ်က ကျောင်းသူ ကျောင်းသား ၈၀ လောက်ဟာ ဆန္ဒပြကျောင်း သား ကျောင်းသူ ၁၀၀ ကျော်နဲ့အတူ မကွေးမြို့အထိ လိုက်ပါခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ လ ၂၀ ရက်နေ့ကစပြီး မန္တလေးမြို့ကနေ လမ်းလျှောက်ဆန္ဒပြကြတဲ့ ကျောင်းသား ကျောင်းသူတွေဟာ ဆန္ဒပြမှုကို မနေ့က ခေတ္တရပ်နား ခဲ့ရာကနေ ဒီနေ့ ပြန်လည်စတင်တာဖြစ်ပါတယ်။

မနေ့ကကျင်းပတဲ့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲမှာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဆန္ဒပြကျောင်းသား ကျောင်း သူတွေရဲ့ လုံခြုံရေးကို ပုပ္ပါးမြို့အထိသာ တာဝန်ယူထားကြောင်း ပြောကြားခဲ့ပါတယ်။

ဒုတိယအကြိမ် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော် ပညာရေးဝန်ကြီးဌာနရုံးမှာ မနက်ဖြန် ထပ်မံကျင်းပမှာဖြစ်ပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ ကိုကျော်ကိုကို ကို RFA သတင်းထောက် မစန်းမော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org