ကျောင်းသားတစ်ဦး ထပ်မံ ဖမ်းဆီးခံရ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် မန္တလေးခရိုင် အတွင်းရေးမှူး ကိုရဲ ရင့်ပိုင်မှူးကို ဒီမိုကရေစီ ပညာရေးတောင်း ဆိုလှုပ်ရှားမှုတွေကြောင့် သက်ဆိုင်ရာက ပြီးခဲ့တဲ့ သော ကြာနေ့မှာ ဖမ်းဆီးလိုက်ပြီး၊ အိုးဘို အကျဉ်းထောင်မှာပို့ထား တယ်လို့သိရပါတယ်။

ရတနာပုံတက္ကသိုလ်မှာ အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ကြောင်း ကျောင်းသားတွေ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဆန္ဒပြနေစဉ်

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် မန္တလေးခရိုင် အတွင်းရေးမှူး ကိုရဲရင့်ပိုင်မှူးကို ဒီမိုကရေစီ ပညာရေးတောင်းဆိုလှုပ်ရှားမှုတွေကြောင့် သက်ဆိုင်ရာက ပြီးခဲ့တဲ့ သောကြာနေ့မှာ ဖမ်းဆီးလိုက်ပြီး၊ အိုးဘို အကျဉ်းထောင်မှာပို့ထားတယ် လို့သိရပါတယ်။

ကိုရဲရင့်ပိုင်မှူးဟာ ကျောက်ဆည်နည်းပညာတက္ကသိုလ်က မြို့ပြအင်ဂျင်နီယာ တတိယနှစ် ကျောင်းသားဖြစ်ပြီး၊ မတ်လ ကပေါ်ပေါက်ခဲ့တဲ့ ဒီမိုကရေစီပညာရေး သပိတ်မှာပါဝင်ခဲ့စဉ်က လက်ပံတန်းမြို့ဈေးရှေ့မှာတရားဟောရင်းခေတ္တဖမ်းဆီး ထိမ်းသိမ်း တာခံရဖူးသလို၊ အဲဒီနောက်ပိုင်း မန္တလေးမြို့ပေါ်မှာ မှုတ်ဆေး နဲ့ တောင်းဆိုလှုပ်ရှားမှုကြောင့်လဲ ခေတ္တ ထိမ်းသိမ်းခံရဖူးပါတယ်။

ဒါ့အပြင် လက်ရှိထောင်ဒဏ်ကျခံနေရတဲ့ မန္တလေးရတနာပုံတက္ကသိုလ်ကျောင်းသား သမဂ္ဂဥက္ကဌ ကိုနိုင်ရဲဝေတို့ နဲ့ ကျောင်းနံရံမှာ မှုတ်ဆေးရေးလှုပ်ရှားမှုမှာပါဝင် လို့ ဖမ်းဝရမ်းထုတ်ခံထားရသူလဲဖြစ်ပါတယ်။

ကိုရဲရင့်ပိုင်မှူးကို လာမယ့် ဇန်နဝါရီလမှာ ပထမဆုံးအကြိမ်ရုံးထုတ်မယ်လို့ လဲသိရပါတယ်။ သူဟာ အကျဉ်းထောင်က လွတ်ရက်စေ့ပြီး ပြန်လွတ်လာတဲ့ ရတနာပုံ တက္ကသိုလ်ကျောင်းသား ၃ ယောက်နဲ့ ထောင်ထဲမှာကျန်နေသေး တဲ့ ကျောင်းသားတစ်ယောက်ကို တက္ကသိုလ်အာဏာပိုင်တွေက ကျောင်းတက်ခွင့်ပိတ်ပင်လိုက်တဲ့ လုပ်ရပ် အပေါ် ပြင်းပြင်းထန်ထန်တိုက်ပွဲဝင်တောင်းဆိုမယ်လို့ ဒီဇင်ဘာလ ၂၄ ရက်နေ့ ကပြောဆိုလိုက်ပြီးနောက်ပိုင်း အဖမ်းခံ လိုက်ရတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org