ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်များ အနိုင်ရပါတီဝင်တွေသာ ဖြစ်စေလို
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ ဝန်ကြီး ချုပ်ဖြစ် သူတွေကို နိုင်ငံတော်သမ္မတက အမည်စာရင်း ပေး သွင်းသူကို ဝန်ကြီးချုပ် ခန့်အပ်တာမျိုးမဟုတ်ပဲ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသ ကြီး အသီးသီးမှာ အများဆုံးအနိုင်ရတဲ့ ပါတီက ပါတီ ဝင်တွေကိုသာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုကြကြောင်း တိုင်းရင်းသား ပါတီပေါင်း ၂၁ ပါတီနဲ့ဖွဲ့ထားတဲ့ ညီနောင် တိုင်းရင်းသား ဖက်ဒရေးရှင်းပါတီ ဆွေးနွေးပွဲက သဘော ထားရှိကြပါတယ်။
-
2015-05-23 -
-
-
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ ဝန်ကြီးချုပ်ဖြစ် သူတွေကို နိုင်ငံတော်သမ္မတက အမည်စာရင်း ပေး သွင်းသူကို ဝန်ကြီးချုပ် ခန့်အပ်တာမျိုးမဟုတ်ဘဲ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာ အများဆုံးအနိုင်ရတဲ့ ပါတီက ပါတီဝင်တွေကိုသာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုကြကြောင်း တိုင်းရင်းသား ပါတီပေါင်း ၂၁ ပါတီနဲ့ဖွဲ့ထားတဲ့ ညီနောင်တိုင်းရင်းသား ဖက်ဒရေးရှင်းပါတီ ဆွေးနွေးပွဲက သဘောထားရှိကြ ပါတယ်။
ဒီနေ့ ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ကျင်းပတဲ့ ညီနောင် တိုင်း ရင်းသားပါတီများဖက်ဒရေးရှင်း NBF ရဲ့ ပုံမှန် အစည်းအဝေးမှာ ပါတီဝင်တွေက ဘုံသဘောထားပေး ခဲ့ကြတာလို့ NBF အဖွဲ့ဝင် ဦးစောသန်းမြင့် က ပြော ပါတယ်။
"သမ္မတက သဘောတူတဲ့ပုံစံနဲ့ ဝန်ကြီးချုပ်ခန့်ရမယ် ဆိုတာလေ တိုင်းနဲ့ပြည်နယ် အသီးသီးမှာ အဲ့ဒါကိုပြန်ပြီးတော့ သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းအသီးသီးမှာ လွှတ်တော်မှာ အများဆုံးအနိုင်ရတဲ့ပါတီသာလျှင် ဝန်ကြီးချုပ်ဖြစ်ရမှာပေါ့၊ ဒီဟာဆွေးနွေးပြီးရင် လွှတ်တော်မှာ တင်ပြမယ်လေ၊ တင်လည်းတင်ပြပြီးသားပါ၊ တစ်ပါတီချင်းကတော့ အားလုံးတင်ပြပြီးသားဖြစ်မယ်၊ ဒါပေမဲ့ NBF နဲ့ လိုအပ်ရင် ကြေညာချက်ထုတ်ပြန် လက်ရှိ ၁၂ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးမှာ ထပ်ပြီးတော့ အားဖြည့်မယ်"
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၅ မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချူပ်တွေကို ခန့်အပ်ဖို့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက သင့်တော်တဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို ရွေးချယ်ပြီး လွှတ်တော်ရဲ့ သဘောတူညီချက်ရယူရမှာ ဖြစ်တယ်လို့ ပါရှိပါတယ်။
ဒါ့အပြင် အဲ့ဒီပုဂ္ဂိုလ်တွေအနေနဲ့ အရည်အချင်းမပြည့်မီဘူးဆိုရင် နိုင်ငံတော်သမ္မတက အမည်စာရင်း ပေးသွင်းတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ငြင်းပယ်ခွင့်မရှိဘဲ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရမယ်လို့လည်း ဥပဒေမှာ ထည့်သွင်း ထားပါတယ်။
တိုင်းရင်းသားပါတီတွေအနေနဲ့က သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းဒေသကြီး အသီးသီးမှာ အများဆုံး အနိုင်ရတဲ့ ပါတီက ပါတီဝင်တွေကိုသာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုကြတာဖြစ်ပါတယ်။