ရမ်းဗြဲမှာဆရာဝန်တွေတာဝန်ချပေးဖို့ တကိုယ်တော် ဆန္ဒပြတောင်းဆို

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် လေးတောင်နဲ့ စကုတိုက်နယ်ဆေးရုံတွေမှာ ဆရာဝန်တွေ တာဝန်ချထားပေးဖို့ ဒေသခံတစ်ဦးဖြစ်သူ ကိုထွန်းထွန်းဦးက ဒီကနေ့မနက်ပိုင်းက တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် လေးတောင်နဲ့ စကုတိုက်နယ်ဆေးရုံတွေမှာ ဆရာဝန်တွေ တာဝန်ချထားပေးဖို့ ဒေသခံတစ်ဦးဖြစ်သူ ကိုထွန်းထွန်းဦး တစ်ကိုယ်တော် ဆန္ဒ ထုတ်ဖော်နေစဉ်။ Photo:RFA

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် လေးတောင်နဲ့ စကုတိုက်နယ်ဆေးရုံတွေမှာ ဆရာဝန်တွေ တာဝန်ချထားပေးဖို့ ဒေသခံတစ်ဦးဖြစ်သူ ကိုထွန်းထွန်းဦးက ဒီကနေ့မနက်ပိုင်းက တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

တစ်ကိုယ်တော် ဆန္ဒပြသူ ကိုထွန်းထွန်းဦးက RFA ကို အခုလို ပြောပါတယ်။"ကျွန်တော်ပြောလိုတာက ဆေးရုံဖွင့်ပေးထားပေမယ့် ဆေးရုံဆိုတဲ့ အသက်ဝင်လှုပ်ရှားမူက ဆရာဝန်ရှိမှ ဖြစ်မှာပေါ့ အဲဒါကြောင့် ဆေးရုံရှိရင် ဆရာဝန်ရှိအောင် လုပ်ပေးပါလို့ ပြောခြင်ပါတယ်"

အဲ့ဒီတိုက်နယ်ဆေးရုံတွေမှာ ဆရာဝန်တွေ အရင်ကရှိခဲ့ပေမယ့်  ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်လောက်က စပြီး အစိုးရက ပြန်ချမပေးခဲ့ဘူးလို့လည်း သိရပါတယ်။

အဲ့ဒါကြောင့် ဒေသခံတွေက မိုင် ၂၀လောက် ဝေးတဲ့ ရမ်းဗြဲနဲ့ တောင်ကုတ်မြို့ပေါ်က ဆေးရုံတွေကို သွားရောက်ကုသနေရတဲ့အတွက် ဒေသခံတွေ အခက်အခဲတွေဖြစ်ရကြောင်း ကိုထွန်းထွန်းဦးက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org