တပ်မ (၇၇) အောက်ခြေစစ်သည်များ စားဝတ်နေရေး အကြပ်တွေ့နေ

ပဲခူးတိုင်းအတွင်း အခြေစိုက်တဲ့ တပ်မ (၇၇) ရဲ့ တပ်ရင်းတွေမှာ အောက်ခြေ စစ်သည်တွေဟာ သူတို့ ရရှိတဲ့ လစာနဲ့အခြေခံ ရိက္ခာ လုံလောက်မှု မရှိတဲ့ အတွက် စားဝတ်နေရေး ကြပ်တည်း ဆိုးဝါးနေတယ်လို့ စုံစမ်း သိရှိရပါတယ်။

မြို့တွင်း လုံခြုံရေး အစောင့်တာဝန်ကျ စစ်သားတဦး ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

တပ်မ (၇၇) လက်အောက်ခံ တပ်ရင်းတွေက တောင်ငူ အခြေစိုက် တိုင်းမှူးနဲ့နေပြည်တော် အထိ အကျိုးအကြောင်း တင်ပြခဲ့ပေမယ့် အထက် အဆင့်ဆင့်က တပ်တွင်း စားဝတ်နေရေး ဖူလုံအောင် ဖြေရှင်းပေးခြင်း မရှိသေးဘူးလို့ အဲဒီတပ်က တပ်ကြပ်ကြီးတဦးက အာရ်အက်ဖ်အေကို ပြောပြပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်းက တပ်မတော် အတွင်း အခြေခံ လစာတွေ တိုးပေးခဲ့ပါတယ်။ ဒါပေမဲ့ ရရှိတဲ့ လစာအပေါ် ဖြတ်တောက်တာတွေ များတာ၊ တပ်တွင်း ရိက္ခာ အခြေခံ ရိက္ခာတွေကို လျှော့ချတာတွေ အပြင် အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေ ကြီးမြင့်တာကြောင့် အောက်ခြေ အဆင့်ဆင့်မှာ စားဝတ်နေရေး အခက်အခဲ ဖြစ်နေပြီး တပ်ပြေးတွေ များလာနေတယ်လို့ သိရပါတယ်။

အဲဒီ တပ်မ ၇၇ အောက်ခြေ တပ်ရင်းတွေရဲ့ စားဝတ်နေရေး ခက်ခဲမှု အကြောင်း အပြည့်အစုံ တင်ပြချက်ကို နားဆင်ပါ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org