မန္တလေးက MPA ဓာတ်ပုံသတင်းထောက် တစ်ဦး ဖမ်းဆီးခံရ

Myanmar Pressphoto Agency (MPA) က မန္တလေးအခြေစိုက် ဓာတ်ပုံ သတင်း ထောက် ကိုမျိုးသီဟကျော်ဟာ ဒီကနေ့ မေလ ၂၈ ရက်နေ့ နေ့လယ်က ချမ်းအေး သာစံမြို့နယ် အောင်နန်းရိပ်သာရပ်ကွက်မှာ ဖမ်းဆီးတာခံလိုက်ရတယ်လို့ MPA သတင်းဌာနက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ MPA ဓာတ်ပုံသတင်းထောက် ကိုမျိုးသီဟကျော် ကို တွေ့ရစဉ် Photo CJ

Myanmar Pressphoto Agency (MPA) က မန္တလေးအခြေစိုက် ဓာတ်ပုံသတင်းထောက် ကိုမျိုးသီဟကျော် ဟာ ဒီကနေ့ မေလ ၂၈ ရက်နေ့ နေ့လယ်က ချမ်းအေးသာစံမြို့နယ် အောင်နန်းရိပ်သာရပ်ကွက်မှာ ဖမ်းဆီး တာခံလိုက်ရတယ်လို့ MPA သတင်းဌာနက ပြောပါတယ်။

ကိုမျိုးသီဟကျော်ကို စစ်ကောင်စီက ဘာကြောင့်ဖမ်းတယ်ဆိုတာကို လောလောဆယ် မသိရသေးဘူးလို့ MPA သတင်းဌာနက တာဝန်ရှိသူတစ်ယောက်က RFA ကို ပြောပါတယ်။

"အိမ်ကနေ မနက် ၁၀ နာရီလောက်က ထွက်သွားပြီးတော့ နေ့လယ်မှာ ဖမ်းခံလိုက်ရတယ်။ အခု စစ်ကြောရေးလုပ်ခံနေရတယ်ကြားတယ်။ မိသားစုကတော့လိုက်နေပါတယ်။ ဘာကြောင့်ဖမ်းခံရတယ် ဆိုတာတော့ မသိရသေးဘူး"

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံမှာ ဆန္ဒပြသူတွေ အကြမ်းဖက် ဖြိုခွင်းခံနေရတာကို သတင်းဓာတ်ပုံရိုက်နေတဲ့ MPA ရဲ့ဓာတ်ပုံ သတင်းထောက် ကိုရဲမျိုးခန့်ကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (က) နဲ့ တရားစွဲဆို ထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရတဲ့ သတင်းသမားတွေထဲမှာ ကိုမျိုးသီဟကျော် ဟာ ဒီနေ့ ၈၂ ဦးမြောက် သတင်းသမားတစ်ဦးလည်းဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org