ကမ္ဘာ့တတိယ အကြီးဆုံး နေစွမ်းအင်စက်ရုံ မင်းဘူးမှာ တည်ဆောက်မည်

ကမ္ဘာပေါ်မှာ တတိယမြောက် အကြီးမား ဆုံးဖြစ်လာမယ့် နေရောင်ခြည်စွမ်းအင်သုံး စက်ရုံတစ်ရုံကို မကွေးတိုင်း မင်းဘူးမြို့မှာ တစ်နှစ်ခွဲအတွင်း အပြီးသတ်တည်ဆောက်ဖို့ မြန်မာအစိုးရ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနဲ့ ထိုင်းနိုင်ငံအခြေစိုက် GEP- Green Earth Power ကုမ္ပဏီတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး လိုက်ကြပါတယ်။

ကမ္ဘာပေါ်မှာ တတိယမြောက် အကြီးမားဆုံးဖြစ်လာမယ့် နေရောင်ခြည်စွမ်းအင်သုံး စက်ရုံတစ်ရုံကို မကွေးတိုင်း မင်းဘူးမြို့မှာ တစ်နှစ်ခွဲအတွင်း အပြီးသတ်တည်ဆောက်ဖို့ မြန်မာအစိုးရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ ထိုင်းနိုင်ငံအခြေစိုက် GEP- Green Earth Power  ကုမ္ပဏီတို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးလိုက်ကြပါတယ်။

ဒေါ်လာ ၂၇၅ သန်း ရင်းနှီးမြှုပ်နှံတည်ဆောက်မယ့် အဲဒီနေရောင်ခြည်စွမ်းအင်သုံးစက်ရုံဟာ လျှပ်စစ်ဓာတ်အား မီဂါဝပ် ၂၁၀ ထုတ်လုပ်နိုင်မှာဖြစ်ပြီး၊ စက်ရုံတည်ဆောက်ရေးအတွက် ကုန်ကျစရိတ် ၇၀ ရာခိုင်နှုန်းကို ချေးငွေနဲ့လည်ပတ်မှာဖြစ်ကြောင်း၊ ကျန် ၃၀ ရာခိုင်နှုန်းကိုတော့ နှစ်ဘက်အညီအမျှ ခွဲဝေကျခံရမှာဖြစ်ကြောင်း သိရပါတယ်။

စက်ရုံက ထွက်လာတဲ့ စွမ်းအင်ရောင်းချရေး သဘောတူညီချက်ကို လာမယ့် ရက် ၉၀ အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ လက်မှတ်ရေးထိုးဖို့ရှိတယ်လို့ GEP ဥက္ကဌ  Paul Bernard  Yang က ထိုင်းနိုင်ငံထုတ် ဗန်ကောက်ပို့စ် သတင်းစာကို  ပြောကြားပါတယ်။

ဒီအတောအတွင်း ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံကနေ ပြည်ပကို သဘာဝဓာတ်ငွေ့ ဒေါ်လာသန်း ၄ဝဝဝ ဖိုးနီးပါး ရောင်းချခဲ့ရတယ်လို့ မြန်မာအစိုးရက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်တုန်းကတော့ ဒေါ်လာ သန်း ၃၅ဝဝ ဖိုး ရောင်းချခဲ့ရတယ်လို့ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org