စီမံဘဏ္ဍာဝန်ကြီးနေရာ ဦးစိုးဝင်း ကို ခန့်အပ်ဖို့ သမ္မတ အဆိုပြု
ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့က နှုတ်ထွက်သွားတဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းနေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုစီးပွားရေးကော်မတီဝင်ဖြစ်တဲ့ ဦးစိုးဝင်းကို ခန့်အပ်ဖို့ နိုင်ငံတော်သမ္မတက ဒီနေ့ ပြည်ထောင်စုလွှတ်တော်ထံ အဆိုပြုတင်သွင်းလိုက်ပါတယ်။
-
2018-05-28 -
-
-
ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့က နှုတ်ထွက်သွားတဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းနေရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုစီးပွားရေးကော်မတီဝင်ဖြစ်တဲ့ ဦးစိုးဝင်းကို ခန့်အပ်ဖို့ နိုင်ငံတော်သမ္မတက ဒီနေ့ ပြည်ထောင်စုလွှတ်တော်ထံ အဆိုပြုတင်သွင်းလိုက်ပါတယ်။
ဦးစိုးဝင်းဟာ အသက် ၈ဝ ရှိပြီဖြစ်ပြီး လက်ရှိမှာ Deloitte Touche Myanmar Vigour Advisory Limited မှာ မြန်မာပြည်ရဲ့ အုပ်ချုပ်မှုဆိုင်ရာ ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်နေတာဖြစ်တယ်လို့ သူ့ရဲ့ကိုယ်ရေးအကျဉ်းမှာ ဖော်ပြထားပါတယ်။
သူဟာ ဘဏ်လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး သူ့ရဲ့အတွေ့အကြုံတွေကြောင့် အခုပေးအပ်တဲ့ ဝန်ကြီးတာဝန်ကို ရရှိထားတဲ့ ကာလအတွင်း လုပ်ကိုင်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။
သမ္မတ အဆိုပြုတဲ့အပေါ် ကန့်ကွက်လိုသူတွေရှိရင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာခဲ့ပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ စစ်ဆေးမှုခံနေရတဲ့ ဦးကျော်ဝင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးရာထူးကနေ နုတ်ထွက်သွားတာဖြစ်ပါတယ်။