မြစ်ဆုံစီမံကိန်းကို မလုပ်စေလိုကြောင်း ဦးစိုးသိန်းပြော

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို လက်ရှိအစိုးရအနေနဲ့ မလုပ်စေချင်ဘူးလို့ ဝန်ကြီးဟောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်း က ဒီနေ့ ပြောပါတယ်။

အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်း ကို တွေ့ရစဉ် Photo: Win Ko Ko Latt/RFA

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို လက်ရှိအစိုးရအနေနဲ့ မလုပ်စေချင်ဘူးလို့ ဝန်ကြီးဟောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်း က ဒီနေ့ ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီးမှာ မြစ်ဆုံနဲ့ပတ်သက်လို့ ဦးစိုးသိန်းရဲ့ သဘောထားကို သတင်း သမားတွေက မေးမြန်းရာမှာ မြန်မာပြည်တပြည်လုံးအတွက် အမှတ်အသားတစ်ခုဖြစ်တဲ့ မြစ်ဆုံမှာ စီမံကိန်းကို မလုပ်စေချင်ကြောင်းနဲ့ စီမံကိန်းနေရာကို ရွှေ့နိုင်ကြောင်း ပြောပါတယ်။

အရင်အစိုးရအဆက်ဆက်မှာ ထိပ်ပိုင်းခေါင်းဆောင်တွေထဲ ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ ဦးစိုးသိန်းကို မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံနဲ့ မြန်မာအစိုးရကြား ချုပ်ဆိုထားတဲ့ စာချုပ်ပါ အချက်အလက်တွေကို မေးမြန်းရာမှာတော့ အသေးစိတ်ကို မမှတ်မိကြောင်း ပြောဆိုပြီး ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org