SNLD ပြန်လည်မှတ်ပုံတင်ဖို့ ဗဟိုကော်မတီ အစည်းအဝေး ကျင်းပ
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီကို ပြန်လည် မှတ်ပုံတင်ဖို့ ဒီကနေ့ ကျင်းပတဲ့ ဗဟိုကော်မတီ အစည်းအဝေးက ဆုံးဖြတ်လိုက်ကြောင်း မကြာသေးမီက အကျဉ်းထောင်က ပြန်လွတ်လာသူ SNLD ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောဆိုလိုက်ပါတယ်။
-
2012-01-20 -
-
-
သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က အကျဉ်းထောင်က ပြန်လွတ်လာသူ SNLD ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ကို တွေ့ရစဉ်။
Photo courtesy of Messenger Journal
နိုင်ငံရေး လှုပ်ရှားမှုတွေ တရားဝင် ဆောင်ရွက်နိုင်ရေး အတွက် ပါတီကို ပြန်ပြီး မှတ်ပုံတင်ဖို့ ဆုံးဖြတ်တာ ဖြစ်ပြီး စည်းရုံးရေး လုပ်ငန်းတွေ လုပ်ဖို့ အချိန်မ လုံလောက်တဲ့ အတွက် ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာတော့ SNLD က ပါဝင်မှာ မဟုတ်ကြောင်း ဦးခွန်ထွန်းဦးက ပြောပါတယ်။
ကြားဖြတ် ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း အမည် စာရင်း တင်သွင်းတာတွေ ပြီးဆုံးအောင် စောင့်ဆိုင်းပြီးမှ ဒီလကုန်လောက် SNLD ပါတီ မှတ်ပုံတင်ရေး ကိစ္စကို ဆောင်ရွက်သွားမယ်လို့ ဦးခွန်ထွန်းဦးက ပြောပါတယ်။
၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြီးရင် ဒုတိယ မဲအများဆုံး အနိုင်ရတဲ့ SNLD ပါတီဟာ ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။
SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |