ကချင်ဒုက္ခသည်တွေကို SNLD သိန်း ၁၇၀ လှူ

ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်က ဒုက္ခသည်စခန်း အချို့က စစ်ဘေးရှောင်ပြည်သူတွေကို ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ဒီကနေ့မနက်ပိုင်းမှာ သွားရောက်တွေ့ဆုံခဲ့ ပြီး ငွေကျပ်သိန်း ၁၂၀ နဲ့ ဆေးဝါးပစ္စည်းတန်ဖိုး သိန်း ၅၀ အပါအဝင် စုစုပေါင်း ကျပ်သိန်း ၁၇၀ လှူဒါန်း ခဲ့တယ်လို့ သိရပါတယ်။

ကချင်ဒုက္ခသည်စခန်းတစ်ခုအတွင်းက ဒုက္ခသည်စခန်းတစ်ခုကို တွေ့မြင်ရစဉ်။ Photo:RFA/Kyaw Myo Min

ဒီကနေ့ လာရောက်လှူဒါန်းချိန်မှာ စစ်ဘေးရှောင်စခန်းတွေရဲ့လက်ရှိအခြေအနေတွေကို မြင်တွေကြားသိခဲ့ရတာ နဲ့ပတ်သက်ပြီး SNLD ပါတီရဲ့ တွဲဘက်အတွင်းရေးမှူး ဦးစိုင်းလိတ်က RFA ကို အခုလိုပြောပါတယ်။

"ကျွန်တော်တို့ ဒီနေ့ မနက်သွားရောက်လှူဒါန်းတဲ့ cmap က သုံးခပေါ့နော်။ကျွန်တော့်အမြင်က ကချင်ပြည်နယ်၊ကချင်တိုင်းရင်းသားတွေပဲ ဒုက္ခရောက်နေလားလို့ပေါ့နော်။တကယ်တမ်းကျတော့ ကချင်မဟုတ်သော ရှမ်းနီ၊ရှမ်းကြီး နောက်ခရစ်ယာနန်ဘာသာကိုးကွယ်တဲ့ လီဆူးတိုင်းရင်းသားတွေက Camp ထဲရောက်နေတာ တွေ့ရတယ်"

ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ဦးစိုင်းလိတ်နဲ့အတူ ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသား ရေးရာဝန်ကြီး ဒေါ်ခင်ပြုံးရည် တို့ဟာ ဝိုင်းမော်မြို့နယ် သာဂရ သရက်တောဘုန်းတော်ကြီးကျောင်း၊ သာဂရ လီဆူးနှစ်ချင်းခရစ်ယာန်အသင်းတော်၊ ခတ်ချိုကျေးရွာ ကယ်ဆယ်ရေးစခန်း နဲ့ မြစ်ကြီးနားမြို့ ဝန်းသိုကျောင်းတိုက် ကယ်ဆယ်ရေးစခန်းမှာရှိတဲ့ ဒုက္ခသည်ပြည်သူတွေကို သွားရောက်လှူဒါန်းခဲ့ပြီး ဗန်မော်မြို့မှာရှိတဲ့ ကယ်ဆယ်ရေစခန်းအချို့ကိုလည်းပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ဆောင်လှူဒါန်းလိုက်တယ်လို့ သတင်းရရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org