လူ့အခွင့်အရေး ကော်မရှင် အကျဉ်းသားဘဝမှန် မတွေ့ခဲ့
အင်းစိန်ထောင်ကိုသွားပြီး လေ့လာခဲ့ရာမှာ ထောင်တွင်း နှိပ်စက်ညှဉ်းပန်းမှု မတွေ့ရသလို အကျဉ်းသားတွေဟာ ကျန်းမာရေးကောင်းနေတာ တွေ့ရတယ်လို့ လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က အာရ်အက်ဖ်အေနဲ့ ဆက်သွယ် မေးမြန်းချက်မှာ ပြောဆိုခဲ့ပါတယ်။
-
2011-12-29 -
-
-
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့အနီးရှိ နာမည်ဆိုးဖြင့် ကမႝာကျော်သော အင်းစိန်ထောင် ဖြစ်ပါသည်။ (Photo:RFA/Tyler Chapman)
(Photo:RFA/Tyler Chapman)
Your browser doesn’t support HTML5 audio
အကျဉ်းထောင်ကိုစစ်ဆေးကြည့်ရှုဖို့ အထူးဧည့်သည်တွေ လာတဲ့အခါမျိုးမှာ ထောင်အာဏာပိုင်တွေက အကျဉ်းထောင် ဆေးသုတ်တာ၊ အကျဉ်းသားတွေကို အခန်းထဲပိတ်ထားတာမျိုးတွေ အမြဲဆောင်ရွက်လေ့ရှိတဲ့အတွက် အဖြစ်မှန်ကို အထူးဧည့်သည်တွေ မသိနိုင်တာကြောင့် ဒီလိုတွေ့ခဲ့ရတာလို့ ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ အကျဉ်းသားမိသားစုတွေက ပြောပါတယ်။
အကျဉ်းထောင်တွေထဲကို ပြည်တွင်း ပြည်ပအရာရှိတွေ ဝင်ရောက်လေ့လာစစ်ဆေးတဲ့အခါ ထောင်တွင်းမှာ ပြင်ဆင်ဆောင်ရွက်ထားလေ့ရှိတာတွေနဲ့ အကျဉ်းသားတွေ ကြုံတွေ့ရတာတွေကို အာရ်အက်ဖ်အေ ဝိုင်းတော်သား ကိုနေရိန်ကျော်က စုစည်းတင်ပြထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |