လွှတ်တော်သစ် ကျင်းပနိုင်တာ နိုင်ငံ့ ဂုဏ်သိက္ခာလို့ ဦးရွှေမန်း ပြော

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ကို အောင်မြင်စွာ ကျင်းပနိုင်တာာ ဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာဖြစ်ကြောင်းနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုအရေး ကို အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က ပြည်သူ့လွှတ်တော်ဥက္ကဌအသစ် ဦးဝင်းမြင့်ကို သူရဦးရွှေမန်း ရုံးခန်းလွဲှပြောင်းပေးအပ်စဉ် Photo: Thura U Shwe Mann Facebook

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ကို အောင်မြင်စွာ ကျင်းပနိုင်တာာဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာဖြစ်ကြောင်းနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုအရေး ကို အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း သူရဦးရွှေမန်းက ပြောလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော်မှာ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး ကျင်းပအပြီးမှာ သတင်းမီဒီယာတွေကို သူရဦးရွှေမန်း က ပြောလိုက်တာဖြစ်ပါတယ်။

"ကျနော်တို့နိုင်ငံက ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ရေးကို လွှတ်တော်ကနေ ဆက်လက်ဆောင်ရွက်သွားဖြစ်ပါတယ်၊ အဲ့ဒီလိုဖြစ်ဖို့လည်း ပြည်သူတွေရော၊ မီဒီယာတွေကပါ အားလုံးဝိုင်းဝန်းကူညီကြဖို့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံပါတယ်"

ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးမှာ သူရဦးရွှေမန်းက ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် တင်မြှောက်ခြင်းခံရတဲ့ ဦးဝင်းမြင့်ကို သူတာဝန်ယူစဉ် အသုံးပြုခဲ့တဲ့ လွှတ်တော်ဥက္ကဌ ရုံးခန်းကို လွဲှပြောင်းပေးအပ်လိုက်ပါတယ်။

သူရဦးရွှေမန်းဟာ လေ့လာသူအဖြစ် ဒီကနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်အစည်းအဝေးကို လာမယ့် ဖေဖေါ်ဝါရီလ ၄ ရက်နေ့မှာ ပြန်လည်ကျင်းပမှာ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးကို လာမယ့် ဖေဖေါ်ဝါရီလ ၃ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။

ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် ပထမနေ့ အစည်းအဝေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရ ဦးတင်ဦးလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် အဟန့်အတားဖြစ်နေတဲ့ ပုဒ်မ ၅၉-စ ပြင်ဆင်ရေးကိစ္စ ဒီနှစ်အတွင်း ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြောင်း ဦးတင်ဦးက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး ကို RFA သတင်းထောက် ကိုသီဟထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ဒုတိယအကြိမ် လွှတ်တော်ကနေ နိုင်ငံတိုးတက်ရေးမှာ အရေးတကြီးလိုအပ်နေတဲ့ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် အဓိကထားဆောင်ရွက်သွားမယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဌအဖြစ် အဆိုပြုခံထားရတဲ့ မန်းဝင်းခိုင်သန်းက RFA ကိုပြောပါတယ်။

မန်းဝင်းခိုင်သန်း ကို မသင်းသီရိ ဆက်သွယ်မေးမြန်းခဲ့တာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org