အခြေခံဥပဒေပြင်ဆင်ရေး သူရဦးရွှေမန်းနဲ့ ပါတီခေါင်းဆောင်တွေ ဆွေးနွေး
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက လွှတ်တော်မှာ ကိုယ်စားလှယ် နေရာရရှိထားတဲ့ နိုင်ငံရေးပါတီ ၂ဝ က ခေါင်းဆောင်တွေနဲ့ နေပြည်တော်လွှတ်တော်ခန်းမမှာ ဒီနေ့တွေ့ဆုံပြီး ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။
-
2015-05-29 -
-
-
Your browser doesn’t support HTML5 audio
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက လွှတ်တော်မှာ ကိုယ်စားလှယ် နေရာရရှိထားတဲ့ နိုင်ငံရေး ပါတီ ၂ဝ က ခေါင်းဆောင်တွေနဲ့ နေပြည်တော်လွှတ်တော်ခန်းမမှာ ဒီနေ့တွေ့ဆုံပြီး ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ ၂ဝ၁၅ ရွေးကောက်ပွဲကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။
လက်ရှိကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးကာလမှာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အတွက် နိုင်ငံရေးပါတီတွေ ပူးပေါင်းဆောင်ရွက်ကြဖို့ကို သဘောတူလက်ခံကြတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးသိမ်းဆွေက ပြောပါတယ်။
"၁၂ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးထဲမှာ ပါတီတွေများ ပူးပေါင်းပြီးတော့မှ ပြင်သင့်ပြင်ထိုက်တဲ့ ကိစ္စတွေ ပြင်ဆင်ရေးကိစ္စကို ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားဖို့ ဒါတွေကိုလည်းပဲ ဒီနေ့ ဆွေးနွေးဖြစ်ပါတယ်၊ အဲ့ဒါကိုလည်း တက်ရောက်လာတဲ့ပါတီများက သဘောတူလက်ခံပါတယ်၊ အားလုံးပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကျနော်တို့ သဘောထားရပါတယ်"
အဲ့ဒီတွေ့ဆုံပွဲကို ဒေါ်အောင်ဆန်းစုကြည်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးနဲ့ ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်တို့အပြင် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ်နေရာတွေ ရရှိထားတဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုဝင်းကိုကိုလတ် တင်ပြထားတာ နားဆင်နိုင်ပါတယ်။