အစိုးရ၊ သူရဦးရွှေမန်းကော်မရှင်၊ FDA တု့ိနဲ့ ရေသန့်လုပ်ငန်းရှင် ၂၅ဦး တွေ့ဆုံ
အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဦးစီးဌာန FDA ရဲ့ အရေးယူခံထားရတဲ့ ရေသန့်လုပ်ငန်းရှင် ၂၅ ဦးဟာ သူတို့အပေါ် အရေးယူထားတာတွေကို ဖြေလျှော့ပေးဖို့ စက်မှုဝန်ကြီးဌာန၊ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များလေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင်နဲ့ FDA တို့ထံ ဒီနေ့ တင်ပြခဲ့ ပါတယ်။
-
2017-03-13 -
-
-
အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုဦးစီးဌာန FDA ရဲ့ အရေးယူခံထားရတဲ့ ရေသန့်လုပ်ငန်းရှင် ၂၅ ဦးဟာ သူတို့အပေါ် အရေးယူထားတာတွေ ကို ဖြေလျှော့ပေးဖို့ စက်မှုဝန်ကြီးဌာန၊ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များလေ့ လာဆန်းစစ်သုံးသပ်ရေးကော်မရှင်နဲ့ FDA တို့ထံ ဒီနေ့ တင်ပြခဲ့ပါတယ်။
လုပ်ငန်းရှင်တွေက သူတို့အနေနဲ့ FDA ရဲ့ညွှန်ကြားချက်ကို အပြည့်အ၀ လိုက်နာဆောင်ရွက် သွားမယ်လို့ ကတိပေးပြီး အရေးယူထားတာတွေ ကို ဖြေလျှော့ပေးဖို့တောင်းဆိုတာလို့ ဥပေဒရေးရာနဲ့ အထူးကိစ္စ ရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်ရှင်အဖွဲ့ဝင် ဦးစောလှထွန်း က ပြောပါတယ်။
"သူတို့အရေးယူခံထားရတာတွေရှိပါတယ်။ လုပ်ငန်းရှင်တွေက FDA ရဲ့ လမ်းညွှန်ချက်ကို ခံယူချင်တယ်၊ အရည်အသွေးပြည့်မှီအောင်ဆောင်ရွက် ချင်တယ် ဒါပေမယ့် အရေးယူခံထားရတာတွေကို ပြန် လည် ဖြေလျှော့ပေးဖို့ သူတို့က တင်ပြတာပေါ့"
FDA ရဲ့ စစ်ဆေးချက်အရ ရေသန့်ထဲမှာ မပါဝင်သင့်တဲ့ ဓါတ်သတ္တုတွေ၊ ပိုးမွှားတွေတွေ့ရှိရတာတွေ၊ လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ကိုင်နေတာတွေကို တရားစွဲဆို တာတွေ၊ လုပ်ငန်းပိတ်သိမ်းတာတွေအထိ အရေးယူထားတာဖြစ်ပါတယ်။
လုပ်ငန်းရှင်တွေဟာ စက်မှုဝန်ကြီးဌာနမှာလုပ်ငန်းလိုင်စင်တောင်းခံရာမှာ FDA ရဲ့ထောက်ခံချက်ရမှ လိုင်စင်ထုတ်ပေးဖို့ပြောပြီး FDA ဘက်ကလည်း လုပ်ငန်း လိုင်စင်ရှိမှ ထောက်ခံချက်ထုတ်ပေးမယ် ဆိုတဲ့ လုပ်ကိုင်ရခက်ခဲတဲ့ ကိစ္စတွေကိုလည်း ညှိနှိုင်းဆောင်ရွက်ပေးဖို့ တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။
ဆွေးနွေးညှိနှိုင်းမှုတွေအရ FDA ဖက်က လုပ်ငန်းရှင်တွေကို အရေးယူထားတဲ့အပေါ် ဖြေလျှော့ ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ပြီး လုပ်ငန်းလိုင်စင်နဲ့ FDA ထောက်ခံ ချက်တွေ ရရှိနိုင်ဖို့အတွက် စက်မှု ဝန်ကြီးဌာနနဲ့ FDA တို့ ပူးပေါင်းဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။