ရွှေညဝါ ဆရာတော် တတိယနေ့ ဆွမ်းခံကြွ

ရန်ကုန်မြို့ ကြည့်မြင်တိုင် သာဓုကျောင်းတိုက်က ရွှေညဝါ ဆရာတော် ဦးပညာသီဟနဲ့ သံဃာတော်တွေဟာ ဒီကနေ့ တတိယမြောက်အဖြစ် ကျောင်းတိုက် အနီးက ရပ်ကွက်တွေမှာ ဆွမ်းခံကြွခဲ့ပြီး ရရှိတဲ့ ဆွမ်းကွမ်းတွေကို လှိုင်သာယာမြို့နယ်က မီးဘေး ဒုက္ခသည်တွေကို ပြန်လည် လှူဒါန်းခဲ့ပါတယ်။

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်တွင် ရွှေညဝါ ဆရာတော် ကမာရွတ်မြို့နယ်အတွင်း ဆွမ်းခံကြွနေစဉ် RFA

အခုလို နေ့စဉ် ရွှေညဝါ ဆရာတော် ဆွမ်းခံကြွတဲ့ကိစ္စမှာ တခြားသံဃာတော်တွေ ဝင်ရောက် ကြွချီခြင်း မပြုစေဖို့ တိုင်း သာသနာရေး ဦးစီးဌာန တာဝန်ရှိသူတွေက ရွှေညဝါ ဆရာတော်ကို မနေ့က လျှောက်ထားခဲ့ပါတယ်။ အဲဒီလို အတားဆီးခံရတဲ့ထဲမှာ မိမိလည်း ပါဝင်တယ်လို့ ဒဂုံမြို့သစ် မကွေး ပရိယတ္တိကျောင်း ဆရာတော် ဦးပါမောက္ခက အာအက်ဖ်အေကို မိန့်ပါတယ်။

သံဃာ့ မဟာနာယကက မိန့်ကြားချက်အတိုင်း ရွှေညဝါ ဆရာတော်ဟာ သန်ဘက်ခါ ၁၉ ရက်မှာ ကြည့်မြင်တိုင် ရွှေညဝါ ကျောင်းတိုက်ကနေ ထွက်ခွာမယ်လို့ ဆိုပါတယ်။ ၁၉ ရက် မနက်ပိုင်းမှာ ဒါယကာ ဒါယိကာမတွေနဲ့ နောက်ဆုံး တွေ့ဆုံပြီး နေ့လယ်ပိုင်းမှာ ကျောင်းတိုက်က ထွက်ခွာကာ မှော်ဘီမြို့နယ်က ခြံတစ်ခုမှာ သွားရောက် သီတင်းသုံးမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org