ဒုက္ခသည်ပြန်ခေါ်ရေး မြန်မာကို ဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ် တိုက်တွန်း

ရခိုင်ပြည်နယ်က ထွက်ပြေးလာခဲ့ကြတဲ့ ဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူရေး မြန်မာအစိုးရအပေါ် ပိုပြီး ဖိအားပေးကြဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာဆီနာ က ကမ္ဘာတဝှမ်းကို တနင်္ဂနွေနေ့က တိုက်တွန်းလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ကို တွေ့ရစဉ် Photo: Reuters

ရခိုင်ပြည်နယ်က ထွက်ပြေးလာခဲ့ကြတဲ့ ဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူရေး မြန်မာအစိုးရအပေါ် ပိုပြီး ဖိအားပေးကြဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာဆီနာ က ကမ္ဘာတဝှမ်းကို တနင်္ဂနွေနေ့က တိုက်တွန်းလိုက် ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ အသစ်ဖွင့်လှစ်လိုက်တဲ့ IDB ဘဏ် ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်အတွက် ပြည်တွင်းလူဦးရေ၊ သဘာဝပတ်ဝန်းကျင်၊ သယံဇာတ စတာတွေ အပေါ် ထိခိုက်မှုတွေ ရှိလာမယ် ဆိုတာသိပေမဲ့၊ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေအတွက် နယ်စပ်ကို ဖွင့်ပေး၊ နေထိုင်စရာတွေနဲ့ လူသားချင်း စာနာရေး အကူအညီတွေ ပေးခဲ့ကြောင်းလည်းပြောပါတယ်။

ဒုက္ခသည်ကိစ္စနဲ့ ပတ်သက်ပြီး နှစ်လအတွင်း အပြီးပြန်ပို့ဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက နှစ်နိုင်ငံသဘောတူခဲ့ကြ ပါတယ်။ ဒါပေမဲ့ အခုထိ မစနိုင်သေးပဲဖြစ်နေပါတယ်။ ဒုက္ခသည်တွေကို ပြန်ခေါ်ဖို့ မြန်မာဘက်က ဘာမှ မလုပ်သေးဘူးလို့ ဘင်္ဂလားဒေ့ရှ်က ပြောဆိုနေသလို၊ မြန်မာဘက်ကလည်း ဒုက္ခသည်တွေကို လက်ခံဖို့ အသင့်ပြင်ထားပေမဲ့ အခုထိ တယောက်မှ ပြန်မလာသေးဘူးလို့ ပြောဆိုနေကြကြောင်း Channel News Asia သတင်းက ဖေါ်ပြပါတယ်။

ဒီအတွင်း အစ္စရေးနိုင်ငံက ပညာရေးပါရဂူတွေ၊ တက္ကသိုလ်ပါမောက္ခတွေက မြန်မာစစ်တပ်ရဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေကြောင့် အစ္စရေးနဲ့ မြန်မာကြား ပညာရေးဆိုင်ရာ သဘောတူညီချက်တွေကို ဖျက်သိမ်းဖို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုထံ စာရေသားတောင်းဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ် မေလက ပညာရေးကဏ္ဍမှာ မြန်မာနဲ့ ပူးးပေါင်းဆောင်ရွက်ဖို့ အစ္စရေး ဒု နိုင်ငံခြားရေးဝန်ကြီးက လက်မှတ်ရေးထိုးခဲ့ပါတယ်။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org