မန်ပြိန်းကျေးရွာမှာ စစ်ရေးတင်းမာနေတာကြောင့် ဒေသခံတွေ ထွက်ပြေး
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်ပြိန်းကျေးရွာအနီးမှာ မြန်မာ့တပ်မတော်နဲ့ ပလောင်လက်နက်ကိုင် တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့TNLA တို့ စစ်ရေးတင်းမာနေပြီး တိုက်ပွဲဖြစ်ပွားမှာကို ဒေသခံတွေက စိုးရိမ်တာကြောင့် ဒီနေ့နေ့လယ်ပိုင်းမှာ သိန္နီမြို့ကို ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။
-
2018-09-30 -

ထွက်ပြေးလာသူတွေကို သိန္နီမြို့ ရပ်ကွက် (၃)က ကချင်ဘုရားကျောင်းမှာ နေရာချထားပေးကြောင်း အဲဒီကျောင်းက သိက္ခာတော်ရ ဆရာတော် ဦးခွန်ဂေါင်က ပြောပါတယ်။
ကချင်ဘုရားကျောင်းကို ထွက်ပြေးလာသူတွေ စားသောက်နေထိုင်ရေးကို ဘုရားကျောင်းကပဲ ကူညီပေးထားပြီး အဲဒီထဲမှာ မန်ပြိန်းကျေးရွာမှာ တာဝန်ကျနေတဲ့ ကျောင်ဆရာမ ၈ ဦးလည်း ပါဝင်တယ်လို့ ဦးခွန်ဂေါင်က ပြောပါတယ်။
လတ်တလောမှာ သိန္နီမြို့ကချင်ဘုရားကျောင်းမှာ ထွက်ပြေးလာသူ ၁၃၀ ရောက်နေပြီး နီးစပ်ရာဆွေမျိုးအိမ်တွေနဲ့ လားရှိုး ကွတ်ခိုင်မြို့တွေကို သွားကြသူတွေလည်းရှိတယ်လို့ သိရပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့TNLA က မနေ့ကမနက်ပိုင်းကစပြီး မူဆယ်အထွက် နမ့်အွန်ရွာနဲ့ ကွတ်ခိုင်အဆင်း မန်ပြိန်းရွာတွေမှာ ငွေကောက်ခံမှုတွေ ပြုလုပ်ခဲ့တာကြောင့် မနေ့ညနေပိုင်းက နမ့်အွန်ကျေးရွာ တစ်ဝိုက်နဲ့ မန်ပြိန်ကျေးရွာတွေမှာ တပ်မတော်နဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။
အဲဒီလို TNLA အဖွဲ့က ငွေကြေးကောက်ခံနေတာတွေကြောင့် ခရီသွားကားတွေကိုလည်း မူဆယ်၊ ကွတ်ခိုင်နဲ့သိန္နီမြို့တိုးဂိတ်တွေမှာ ညနေပိုင်းအထိ ပိတ်နေခဲ့ပါတယ်။
ခရီးသွားထဲက ကွတ်ခိုင်မြို့မပြည်သူ့စစ်အဖွဲ ဝင်တစ်ဦးကို TNLA အဖွဲ့က ပစ္စတို တစ်လက်နဲ့အတူ ဖမ်းဆီးခဲ့ပြီး ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့TNLA ဘက်ကပြောပါတယ်။