တကိုယ်တော်ဆန္ဒပြ တောင်းဆို

ရက္ခိုင့်တပ်မတော်ဖလားခေါင်းစဉ်နဲ့ ဘော လုံးပွဲ ကျင်းပလို့ မတရားအသင်း ဆက် သွယ်မှု ဥပဒေ ပုဒ်မ ၁၇/၁ နဲ့ ဖမ်းဆီးထိန်း သိမ်းခံထားရတဲ့ မြတန်ဆောင်းဆရာတော် အရှင်နန္ဒသာရနဲ့ ကိုခိုင်နီမင်းတို့ကို လွှတ်ပေးဖို့ မောင်တော မြို့မှာ ဒီနေ့ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုပါတယ်။

မြတန်ဆောင်းဆရာတော်နဲ့ ကိုခိုင်နီမင်း တို့ကို လွှတ်ပေးဖို့ မောင်တောမြို့မှာ ဦးစိန်လှဖြူ ဧပြီလ ၂၈ ရက်နေ့က တကိုယ်တော်ဆန္ဒပြစဉ် Photo: Than Chay Facebook

ရက္ခိုင့်တပ်မတော်ဖလားခေါင်းစဉ်နဲ့ ဘောလုံးပွဲကျင်းပလို့ မတရားအသင်း ဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇/၁ နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြတန်ဆောင်းဆရာတော် အရှင်နန္ဒသာရနဲ့ ကိုခိုင်နီမင်းတို့ကို လွှတ်ပေး ဖို့ မောင်တောမြို့မှာ ဒီနေ့တစ်ကိုယ်တော်ဆန္ဒပြတောင်းဆိုပါတယ်။

တပ်မတော်က လွှတ်ပေးအောင် အခုလိုဆန္ဒပြတောင်းဆိုတာလို့ တကိုယ်တော်ဆန္ဒပြသူ ဦးစိန်လှဖြူကပြောပါ တယ်။

"မိမိတို့၏ လူ့အခွင့်အရေးကို လုပ်ခွင့်မရဘူးဆိုတော့ ဒါဒီမိုကရေစီရဲ့ အနှစ်သာရ မဟုတ်ဘူးနော်၊ ကျနော်တို့က မတရားဖမ်းဆီးထားတဲ့ ခိုင်နီမင်းနဲ့ ဆရာတော်ကို သူတို့က အဖြေမှန်ကို စုံစမ်းစစ်ဆေးရမှာ၊ အဲဒါမှသူတို့၏ ဦးတည်ချက် ရောက်မှာလေ၊ မဟုတ်ဘူးဆိုရင်လည်း သူတို့ကို လွှတ်ပေးစေချင်ပါတယ်၊ လွှတ်ပေးအောင်လည်း အခုလို တောင်းဆိုတာဖြစ်တယ်"

ဒီမိုကရေစီလမ်းကြောင်းကိုလျှောက်လှမ်းနေတဲ့အချိန်မှာ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ မတရားအသင်းအက်ဥပဒေပုဒ် မတွေဟာ မရှိသင့်ဘူးလို့ ဆန္ဒပြသူကပြောပါတယ်။

ရဟန်းသံဃာတွေကို အစိုးရကကြည်ညိုလေးစားဖို့၊ မတရာအသင်းအက်ဥပဒေကိုဖျက်သိမ်းပေးဖို့၊ လူ့အခွင့်အရေး အရ မိမိယုံကြည်ရာကို လုပ်ခွင့်ရရှိရေး စတဲ့အချက်တွေနဲ့ မြို့ကိုလှည့်ပတ်ပြီး တစ်ကိုယ်တော်ဆန္ဒပြ တောင်းဆိုခဲ့ တာဖြစ်ပါတယ်။

ရက္ခိုင့်တပ်မတော်(AA) ၈ နှစ်မြောက်အထိမ်းအမှတ်အဖြစ် ဘောလုံးပွဲ ကျင်းပခဲ့တဲ့ မြတန်ဆောင်းဆရာတော် အရှင်နန္ဒသာရနဲ့ ကိုခိုင်နီမင်းတို့ကို မတရားအသင်းအက်ဥပဒေနဲ့ ငြိစွန်းနေတယ်ဆိုပြီး မြောက်ဦးမြို့အခြေစိုက် ခမရ- ၅၄၀ တပ်ရင်းက တရားလိုပြုလုပ်ပြီး တိုင်ကြားခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဧပြီလ ၁၀ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org