ပခုက္ကူမြို့မှာ လူဝင်လူထွက် ကြပ်မတ်စစ်ဆေး

မကွေးတိုင်း ပခုက္ကူမြို့ဘက် ကို ဖောက်ခွဲရေး အကြမ်းဖက်သမားတစ်စု ဝင်လာနေတယ် ဆိုတဲ့ သတင်းတွေကြောင့် မြို့ဝင် မြို့ထွက်တွေမှာ ခရီးသွားတွေကို စစ်ဆေးနေသလို၊ မြို့တွင်းမှာလဲ ရှောင်တခင် စစ်ဆေးတာတွေ ရှိနေတယ်လို့ သတင်းရရှိပါတယ်။

မကွေးတိုင်း ပခုက္ကူြမို့ဘက်ကို ဖောက်ခွဲရေး အကြမ်းဖက်သမားတစ်စု ဝင်လာနေတယ်ဆိုတဲ့ သတင်းတွေကြောင့် မြို့ဝင်မြို့ထွက်တွေမှာ ခရီးသွားတွေကို စစ်ဆေးနေသလို၊ မြို့တွင်းမှာလဲ ရှောင်တခင် စစ်ဆေးတာတွေ ရှိနေတယ်လို့ သတင်းရရှိပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ မြို့ခံတစ်ဦးက RFA ကို အခုလိုပြောပါတယ်။

ကြားတာကတော့ အကြမ်းဖက်သူ ၁၁ ယောက် မြန်မာပြည်ထဲကို ဝင်လာတဲ့သတင်းအရ လုံခြုံရေးစိစစ်တယ်ဆိုတဲ့ ပုံစံမျိုးကြားရတယ်၊ အပြင်မှာတော့ အများပြည်သူလန့်မှာစိုးလို့ မကြားရသေးဘူး၊ ကျနော်လည်း နီးစပ်ရာတစ်ခုကနေပြီးကြားရတာ၊ မြို့အဝင်အထွက်တွေမှာ မှတ်ပုံတင်စစ်တယ်၊ တံတားအဝင်အထွက်တွေမှာ မိုင်းရှာဖွေရေးကိရိယာနဲ့ စစ်တဲ့အထိတောင်လုပ်တယ်၊ ရဲကင်းလှည့်တာတွေကတော့ အကွက်စိတ်လေးတွေတွေ့ရတာပေါ့၊ မြို့ဝင်မြို့ထွက်တွေမှာ ခရီးသည်တွေ မှတ်ပုံတင်ယူဆောင်ကြဖို့ တစ်ယောက်နဲ့ တစ်ယောက် ပြောပေးကြတယ်”

အခုလိုစစ်ဆေးတာဟာ ပခုက္ကူြမို့တစ်မြို့ထဲမှာ ထူးခြားမှုရှိလို့ ေဆာင်ရွက်တာမဟုတ်ဘဲ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုံခြုံရေးအရ ပခုက္ကူမှာလည်း ေဆာင်ရွက်တာဖြစ်တဲ့အကြောင်းနဲ့ တစ်စုံတရာ ထူးခြားချက်တွေ့ရင် ပြည်သူတွေလည်း ပူးပေါင်းကြဖို့လိုတဲ့အကြောင်း ပခုက္ကူရဲစခန်း တာဝန်ကျအရာရှိတစ်ဦးက ပြောပါတယ်။

ပခုက္ကူြမို့ဟာ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ်ဆုံအနားမှာ တည်ရှိပါတယ်။ အခုလို သတင်းတွေဖြစ်ပေါ်ို့ စစ်ဆေးနေတာ ၃ - ၄ ရက်လောက်ရှိပြီလို့လည်း သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org