ပိတ်ဆို့အရေးယူမယ့် မြန်မာစစ်ဗိုလ်ချုပ်စာရင်း ထွက်လာမည်

ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင်တွေကိုသတ်ဖြတ်မှုအတွက် မြန်မာစစ်ဗိုလ်ချုပ်ကြီးတချို့ကို အရေးယူပိတ်ဆို့ဖို့အတွက် ဥရောပသမဂ္ဂကစီစဉ်နေပြီး ပိတ်ဆို့အရေးယူခံရဖွယ်ရှိတဲ့ မြန်မာ စစ်ဗိုလ်ချုပ်စာရင်း နောက်တစ်ပတ်အတွင်း ထွက်လာလိမ့်မယ်လို့ ဥရောပသမဂ္ဂ သံတမန် ၂ ယောက်က ပြောပါတယ်။

နေပြည်တော်မှာ ၂ဝ၁၆ ခုနှစ်ကကျင်းပတဲ့ တပ်မတော်နေ့ကို တက်ရောက်လာတဲ့ စစ်တပ်အရာရှိတချို့ကို တွေ့ရစဉ်

ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင်တွေကို သတ်ဖြတ်မှုအတွက် မြန်မာစစ်ဗိုလ်ချုပ်ကြီးတချို့ကို အရေးယူ ပိတ်ဆို့ဖို့အတွက် ဥရောပသမဂ္ဂကစီစဉ်နေပြီး ပိတ်ဆို့အရေးယူခံရဖွယ်ရှိတဲ့ မြန်မာစစ်ဗိုလ်ချုပ်စာရင်း နောက် တစ်ပတ်အတွင်း ထွက်လာလိမ့်မယ်လို့ ဥရောပသမဂ္ဂ သံတမန် ၂ ယောက်က ပြောပါတယ်။

ဥရောပသမဂ္ဂ ဝန်ကြီးတွေဟာ မြန်မာစစ်ဗိုလ်ချုပ်တွေကို ကန့်သတ်ပိတ်ဆို့ရေးဆောင်ရွက်ဖို့ ဥရောပသမဂ္ဂ ရဲ့ နိုင်ငံတကာနဲ့ လုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် ဖက်ဒရီကာ- မိုဂေရီနီကို တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။ ဥရောပသမဂ္ဂရဲ့ အရေးယူမှုဟာ အမေရိကန်နဲ့ ကနေဒါတို့က မြန်မာစစ်ဗိုလ်ချုပ်တချို့ကို ပိတ်ဆို့ ထားသလို  ဥရောပခရီးသွားလာခွင့်နဲ့ နိုင်ငံခြားပိုင်ဆိုင်မှုတွေ ရပ်ဆိုင်းပစ်တာမျိုး ဖြစ်လိမ့်မယ်လို့လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရရဲ့ ပြောခွင့်ရသူ ဦးဇော်ဌေးကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ဘူး။ တပ်မတော်ပြောခွင့်ရသူ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းညီကို ဆက်သွယ်နိုင်ခဲ့ပေမယ့် သူက အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်စုံတရာ မှတ်ချက်မပေးခဲ့ဘူးလို့ ရိုက်တာသတင်းဌာနက ဆိုပါတယ်။

အခုချိန်ထိတော့ ပိတ်ဆို့အရေးယူခံရမယ့်စာရင်းထဲမှာ ဘယ်ဗိုလ်ချုပ်ကြီးတွေပါမလဲဆိုတာ မဆွေးနွေးရသေးဘူးလို့ ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ မြန်မာနိုင်ငံထဲက ရိုဟင်ဂျာမွတ်စလင်တွေကို နှိမ်နင်းခဲ့တဲ့ ဗိုလ်ချုပ်မောင်မောင်စိုးကို ပိတ်ဆို့အရေးယူမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပြောခဲ့ပါတယ်။

ဥရောပသမဂ္ဂဟာ ပိတ်ဆို့အရေးယူသူစာရင်းကို အမေရိကန်ပြည်ထောင်စုရဲ့ ပူးပေါင်းသတ်မှတ်လေ့ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org