ဆလိုင်းတင်မောင်ဦး အထိမ်းအမှတ်နေ့ အခမ်းအနားတွေကျင်းပ

ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကြိုးပေးကွပ်မျက်ခံရတဲ့ ၄၇ နှစ်ပြည့် အောက်မေ့အခမ်းအနားတွေကို ရန်ကုန်အပါအဝင် မြို့နယ်တချို့မှာ ဇွန်လ ၂၆ ရက်နေ့က ကျင်းပခဲ့ကြပါတယ်။

၂ဝ၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့က တနင်္သာရီတိုင်း လောင်းလုံမြို့က ဒေသခံလူငယ်များ ဆန္ဒပြနေကြစဉ်။ Democracy Movement Strike Committee-Dawei

ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကြိုးပေးကွပ်မျက်ခံရတဲ့ ၄၇ နှစ်ပြည့် အောက်မေ့အခမ်းအနားတွေကို ရန်ကုန်အပါအဝင် မြို့နယ်တချို့မှာ ဇွန်လ ၂၆ ရက်နေ့က ကျင်းပခဲ့ကြပါတယ်။

တနင်္သာရီတိုင်း လောင်းလုံမြို့မှာတော့ ဆလိုင်းတင်မောင်ဦး ပြောကြားခဲ့တဲ့ "မင်းတို့စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး" ဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်ဆွဲပြီး လူငယ်တချို့ လမ်းမပေါ်ထွက် ဆန္ဒပြပါတယ်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်က ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တချို့လည်း ဆလိုင်းတင်မောင်ဦးအကြောင်း လက်ကမ်းစာစောင်တွေကို ကျောင်းတွေ စျေးတွေမှာ ဖြန့်ဝေတဲ့ လှုပ်ရှားမှုတွေ လုပ်ခဲ့ပါတယ်။

ဆလိုင်းတင်မောင်ဦးကို ဂုဏ်ပြုတဲ့အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီတို့ ပူးပေါင်းပြီး အွန်လိုင်းကနေ ကျင်းပခဲ့ပါတယ်။

ချင်းတိုင်းရင်းသား ရန်ကုန်တက္ကသိုလ်ကျောင်းသား တစ်ဦးဖြစ်တဲ့ ဆလိုင်းတင်မောင်ဦးဟာ မဆလ တစ်ပါတီ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့သူဖြစ်ပြီး ၁၉၇၆ ဇွန်လ (၂၆) ရက်နေ့မှာ မဆလ စစ်အာဏာရှင်ရဲ့ ထောင်တွင်း ကြိုးပေးကွပ်မျက်ခံခဲ့ရပါတယ်။

Photo: Democracy Movement Strike Committee-Dawei

ဆလိုင်းတင်မောင်ဦးဟာ နောက်ဆုံးကြိုးပေးခံရချိန်ထိ ခန္ဓာကိုယ်ကိုသာ သတ်လို့ရမယ် ယုံကြည်ချက်ကို ဘယ်တော့မှသတ်လို့မရဘူး၊ စစ်အာဏာရှင်အောက်မှာ ဘယ်တော့မှ ဒူးမထောက်ဘူးလို့ ကြွေးကြော်ခဲ့တယ်လို့ လူသိများပါတယ်။

NUG ယာယီသမ္မတ ဒူဝါလရှီးလက "ဆလိုင်းတင်မောင်ဦးရဲ့လုပ်ရပ်က ကျွန်တော်တို့ စစ်အာဏာရှင်တော်လှန်ရေးမှာ တွန့်ဆုတ်သွားမယ့်စိတ် လုံးဝပေါ်မလာအောင် သတိပေးနှိုးဆော်နေတယ်" လို့ ဒီကနေ့ အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

ဆလိုင်းတင်မောင်ဦးလိုပဲ ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်မှာလည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော် တို့လေးဦးကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org