ရိုဟင်ဂျာဒုက္ခသည်တွေ စစ်ကောင်စီအတွက် လူသစ်စုဆောင်းခံနေရကြောင်း AA ပြော

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေဟာ စစ်ကောင်စီအတွက် လူသစ်စုဆောင်းခံနေရတယ်လို့ AA ပြောခွင့်ရသူ ခိုင်သုခက သူ့ရဲ့ တယ်လီဂရမ် လူမှုကွန်ရက်ကတစ်ဆင့် မနေ့က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Kutupalong ဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသည့် ရိုဟင်ဂျာများအား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့က တွေ့ရစဉ်။ MUNIR UZ ZAMAN / AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေဟာ စစ်ကောင်စီအတွက် လူသစ်စုဆောင်းခံနေရတယ်လို့ ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ခိုင်သုခက သူ့ရဲ့ တယ်လီဂရမ် လူမှုကွန်ရက်ကနေတစ်ဆင့် မနေ့က ပြောပါတယ်။

ARSA၊ ARA၊ RSO စတဲ့ အဖွဲ့တွေက သူတို့ဟာ ရက္ခိုင့်တပ်တော် (AA) နဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်နေသလိုမျိုး လိမ်လည်လှည့်ဖြားပြီး စစ်ကောင်စီအတွက် လူသစ်စုဆောင်းနေတဲ့ လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချတယ်လို့လည်း ဦးခိုင်သုခက ပြောပါတယ်။

စစ်ကောင်စီတပ်အတွက် လူသစ်စုဆောင်းပေးနေတယ်လို့ဆိုတာနဲ့ ပတ်သက်လို့ ARSA၊ ARA၊ RSO အဖွဲ့တွေဘက်က တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဆက်ဘဇားခရိုင်မှာ ရိုဟင်ဂျာဒုက္ခသည် ငါးရာထက် မနည်းကို ဧပြီလ ၂၉ ရက်နေ့ကနေ မေလ ၈ ရက်နေ့အတွင်း ARSA၊ RSO စတဲ့ အဖွဲ့တွေက စစ်သင်တန်းပေးဖို့ အတင်းအဓမ္မ ခေါ်ဆောင်သွားတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက RFA ကို မနေ့က ပြောဆိုထားပါတယ်။

စစ်တွေ၊ ကျောက်ဖြူ၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်က ရိုဟင်ဂျာတွေကိုလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စလို့ စစ်ကောင်စီတပ်က စစ်သင်တန်းပေးဖို့ အတင်းအဓမ္မ ခေါ်ဆောင်သွားတာ အနည်းဆုံး နှစ်ထောင်ကျော် ရှိသွားပြီလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org