KBZ ဘဏ်ခွဲမှာ လုယက်မှုဖြစ်ပွား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့မဈေးမှာရှိတဲ့ ကမ္ဘောဇဘဏ်ကို လက်နက်ကိုင်ဆောင်ထားသူ ၄ဦး ဝင်ရောက်လာပြီး ငွေကျပ်သိန်း ၉၂၀ ကျော် လုယူခံလိုက်ရတယ်လို့ ကမ္ဘောဇဘဏ်ရဲ့ တရားဝင်ဖေ့ဘွတ်စ်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

မြစ်ကြီးနားမြို့ မြို့မဈေး ပထမထပ်မှာ ဖွင့်လှစ်ထားတဲ့ ကမ္ဘောဇဘဏ်ခွဲကို တွေ့ရစဉ် Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့မဈေးမှာရှိတဲ့ ကမ္ဘောဇဘဏ်ကို လက်နက်ကိုင်ဆောင်ထားသူ ၄ဦး ဝင်ရောက် လာပြီး ငွေကျပ်သိန်း ၉၂၀ ကျော် လုယူခံလိုက်ရတယ်လို့ ကမ္ဘောဇဘဏ်ရဲ့ တရားဝင်ဖေ့ဘွတ်စ်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

ဝင်ရောက်လုယက်သွားသူ ၄ဦးနဲ့ ပတ်သက်ပြီး အမှုဖွင့်ထားတဲ့အခြေအနေကို မြစ်ကြီးနားမြို့မ ရဲစခန်းမှူး ဒုရဲမှူး ရဲထွဋ် က အခုလိုပြောပါတယ်။

"ဆိုင်ကယ်စီးဦးထုပ်ဆောင်းထားတဲ့လူ ၄ ယောက်ဝင်ရောက်လာပြီးတော့ အတုလား၊ အစစ်လားတော့ မသိဘူးပေါ့နော်၊ သေနတ် ၁ လက်ပါလာတယ်၊ ငွေကတော့ သိန်း ၉၂၀ ပါသွားတယ်လို့ သိရတယ်၊ လုယက်မှုပုဒ်မ ၃၉၄/၁၁၄ နဲ့ အမှုဖွင့်လှစ်သွားဖို့ရှိပါတယ်၊  ၁၀ နှစ်ကအနည်းဆုံးပါပဲ"

မြို့ရွာအဝင်အထွက် ဂိတ်တွေကို ပိတ်ဆို့ စိစစ်နေတယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့အခြေစိုက် ကမ္ဘောဇဘဏ်တာဝန်ရှိသူတွေက မြစ်ကြီးနားမြို့မ ရဲစခန်းမှာ ပူးပေါင်းကြံစည်လုယက်မှုပုဒ်မ ၃၉၄/၁၁၄ နဲ့ ဖွင့်လှစ်ထားပါတယ်။

မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်း၊ ဖားကန့်၊ မိုးကောင်းစတဲ့ ကချင်ပြည်နယ်က မြို့ရွာတွေအားလုံးနီးပါးမှာ လုယက် သတ်ဖြတ်မှုတွေ မကြာခဏဖြစ်ပေါ်နေပြီး ဒေသအာဏာပိုင်တွေက ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ခြင်း မရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org