RNDP ပါတီ ပထမအကြိမ် ညီလာခံ ပြီးဆုံး

ရခိုင်တိုင်းရင်းသား ဘာသာစာပေ၊ ဝတ်စားဆင်ယင်မှုနဲ့ ယဉ်ကျေးမှု မပျောက်ပျက်ရအောင် ထိန်းသိမ်းဖို့ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ပထမအကြိမ် ညီလာခံမှာ ဆွေးနွေးခဲ့ပါတယ်။

စစ်တွေမြို့တွင် ၂၀၁၂ ခုနှစ် မေလ ၃၀ မှ ဇွန် ၂ ရက်နေ့အထိ ကျင်းပသည့် RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ပထမအကြိမ် ညီလာခံအတွက် ဖိတ်ကြားစာ ဖြစ်ပါသည်။ RFA

မေ ၃၀ ရက်က ဇွန် ၂ ရက်နေ့ထိ ကျင်းပတဲ့ ညီလာခံမှာ ရခိုင်ယဉ်ကျေးမှုဆိုင်ရာ စာတမ်း တင်သွင်းတယ်လို့ RNDP စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ညိုက ပြောပါတယ်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ ရခိုင် တိုင်းရင်းသားတွေ သာတူညီမျှ အခွင့်အရေး တန်းတူရရှိရေး၊ တနိုင်ငံလုံး စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ရှိရေး၊ စစ်မှန်တဲ့ ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေးကို RNDP ရဲ့ မူဝါဒအဖြစ် ညီလာခံက ချမှတ်တယ်လို့ ဆိုပါတယ်။

ဒါတွေ အကောင်အထည်ဖော်ဖို့  ညီလာခံက ဥက္ကဋ္ဌ ဒေါက်တာအေးမောင်၊ ဒု-ဥက္ကဋ္ဌ ဦးတင်ဝင်းနဲ့ ဦးအုန်းတင်တို့ ပါဝင်တဲ့ ဗဟိုကော်မတီဝင် ၄၅ ဦးနဲ့ လူငယ် မျိုးဆက်သစ်တွေ ပါဝင်တဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ၂၁ ဦးကို ရွေးချယ်ခဲ့ပါတယ်။

ညီလာခံကို စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ကျင်းပခွင့် မရတဲ့အတွက် ပညာလင်္ကာရ ဘုန်းကြီးကျောင်းမှာ ကျင်းပခဲ့တယ်လို့ ဦးမောင်ညိုက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org