ဆေးရုံတည်ဆောက်ပေးဖို့ ရခိုင်ဒေသခံများ ဆန္ဒပြ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာ အုပ်စုအတွက် ဆေးရုံတည်ဆောက်ပေးဖို့ ဒေသခံ ၃၀၀ လောက်က ရသေ့တောင်မြို့ပေါ်မှာ မနေ့က ဆန္ဒပြတောင်းဆိုကြပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာအုပ်စုအတွက် ဆေးရုံတည်ဆောက်ပေးဖို့ ဒေသခံ ၃၀၀ လောက်က ရသေ့တောင်မြို့ပေါ်မှာ မနေ့က ဆန္ဒပြတောင်းဆိုကြပါတယ်။

ကျောက်တန်းကျေးရွာအုပ်စုအတွက်  ကျေးလက်ဆေးပေးခန်းတစ်ခုသာရှိတာကြောင့် လုံလောက်မှု မရှိတဲ့အတွက်  ဆေးရုံတစ်ရုံတည်ဆောက်ပေးဖို့ တောင်းဆိုတာလို့  ကျောက်တန်းရွာခံတစ်ဦးဖြစ်တဲ့ ဦးမောင်သောင်းရွှေက ပြောပါတယ်။

"တိုက်နယ်ဆေးရုံတစ်ခုကို သုံးကြိမ်သုံးခါတောင်းပြီးပြီ၊ ဒါပေမဲ့ တောင်းလို့မရလို့ ခုလိုလမ်းလျှောက်ဆန္ဒပြတာဖြစ်ပါတယ်၊ ကျောက်တန်းမှာ ကျန်းမာရေးဌာနခွဲ တစ်ခုပဲရှိတယ်၊ လုံလောက်မှုမရှိဘူး၊ လူဦးရေကလည်းများတယ် လမ်းပန်းဆက်သွယ်ရေးလည်း ခက်တယ်"

ကျောက်တန်းကျေးရွာအုပ်စုမှာ ရေခေါင်းချောင်း၊ ရေပုတ်၊ အောင်မြေကုန်း၊ တောင်းတယား စတဲ့ ကျေးရွာပေါင်း ၄၀ ကျော်ရှိပါတယ်။

ဆေးရုံတစ်ရုံ တည်ဆောက်ပေးဖို့အတွက် လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်လောက်ကစပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြတောင်းဆိုခဲ့ပေမယ့် ဒီနေ့အထိ အကြောင်းပြန်ကြားခြင်း မရှိဘူးလို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org