ကချင်ဒုက္ခသည်စခန်း တပ်မတော် ဝင်ရောက်မှုအကြောင်းရင်း တိုင်းမှူးရှင်းပြ

ပြီးခဲ့တဲ့ အောက်တိုဘာ၂၂ရက်နေ့က အစိုးရတပ်များ ဗန်းမော်မြို့အနီး မန်စီမြို့နယ်အတွင်းရှိ မုန်းတင်ပါဒုက္ခသည်စခန်းကို ဝင်ရောက်ခြင်းဟာ နယ်မြေကျွမ်းကျင်မှုရရှိရန်နဲ့ ပြည်သူ များနဲ့ ထိတွေ့နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်တယ်လို့ မြောက် ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင် က ပြောဆိုပါတယ်။

တရုတ် မြန်မာနယ်စပ်ရှိ ကချင်ဒုက္ခသည် စခန်းတစ်ခုအား ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် တွေ့ရစဉ် Photo courtesy of WPN

ပြီးခဲ့တဲ့ အောက်တိုဘာ၂၂ရက်နေ့က အစိုးရတပ်များ ဗန်းမော်မြို့အနီး မန်စီမြို့နယ်အတွင်းရှိ မုန်းတင်ပါဒုက္ခသည်စခန်းကို ဝင်ရောက်ခြင်းဟာ နယ်မြေကျွမ်းကျင်မှုရရှိရန်နဲ့ ပြည်သူများနဲ့ ထိတွေ့နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်တယ် လို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင်က ပြောဆိုပါတယ်။

ဒီနေ့ညနေပိုင်းက ငြိမ်းချမ်းရေးအကျိုးဆောင်PCG အဖွဲ့ဝင်သုံးဦးနဲ့ ဒုက္ခသည်စောင့်ရှောက်ရေးအဖွဲ့ KBC က တာဝန်ခံတစ်ဦးတို့ကို မြောက်ပိုင်းတိုင်းတိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနေုာင်က မြစ်ကြီးနားမြို့  မလိခရိပ်သာမှာ ခေါ်ယူတွေ့ဆုံပြီး ခုလိုရှင်းပြခဲ့တာပါ။ အစည်းအဝေးကို တက်ရောက်တဲ့ PCG အဖွဲ့က ဦးဆန်းအောင် ပြောတာကတော့

"လူထုနဲ့ထိတွေ့ချင်လို့ နယ်မြေကျွမ်းကျင်အောင် ဆိုပြီးတော့မှ သူတို့လှုပ်ရှားတာရှိတယ်ပေါ့၊ အဲဒါကို ဆွေးနွေးပွဲတုန်းက ဗိုလ်ချုပ်ဂွမ်မော်တို့နဲ့လည်း ဆွေးနွေးပြီးသားဖြစ်တယ်၊ အဲဒါကြောင့် သူတို့က အကြောင်းကြားပြီးတော့မှ သွးာတာပါလို့ ပြောပါတယ်ခင်ဗျ၊ လက်နက်ကြီးပစ်တဲ့ကိစ္စကို ဘာမှမရှင်းပြပါဘူး"

အောက်တိုဘာ ၂၂ရက်နေ့က မုန်းတင်ပါစခန်းကို လက်နက်ကြီးများပစ်ခတ်ပြီး ဝင်ရောက်ခဲ့တာဖြစ်သလို  စခန်းကအမျိုးသား ၁၀ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒုက္ခသည်များကို ကူညီစောင့်ရှောက်နေသူတွေကပြောပါတယ်။  တိုင်းမှုူးနဲ့တွေ့ဆုံစဉ် ဖမ်းထားသူများနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ၂ ဦးကိုပြန် လွှတ်ပေးပြီးဖြစ်တယ်လို့ တိုင်းမှူးကပြောဆိုကြောင်း ဦးဆန်းအောင် ကပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်ရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

ဒီအတောအတွင်း ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့မှာ ကျင်းပမယ့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ပေါင်းစုံတို့ရဲ့ ဆွေးနွေးပွဲဟာ လာမယ့် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်ခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် အရေးကြီးတဲ့ ဆွေးနွေးပွဲတစ်ခုဖြစ်တယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက ပြောကြပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုကျော်သူ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org