မိုင်းရှုးမြို့နယ် အေးချမ်းပြီဖြစ်လ့ို ဒုက္ခသည်တွေ နေရပ် ပြန်ခိုင်း
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှုးမြို့နယ် ထဲမှာ နယ်မြေ အေးချမ်းနေပြီဖြစ်လို့ စစ်ဘေးဒုက္ခသည်တွေ အနေနဲ့ မိမိ တို့နေရပ်ကိုပြန်ကြဖို့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ပြောကြားလိုက်ပါတယ်။
-
2016-01-03 -
-
-
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှုးမြို့နယ်ထဲမှာ နယ်မြေ အေးချမ်းနေပြီဖြစ်လို့ စစ်ဘေးဒုက္ခသည်တွေ အနေနဲ့ မိမိတို့နေရပ်ကိုပြန်ကြဖို့ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ပြောကြားလိုက်ပါတယ်။
တိုင်းမှူး ဗိုလ်မှူးချုုပ် ဝင်းမင်းထွန်း ဦးဆောင်တဲ့ အဖွဲ့ဟာ မနေ့က ဟိုက်ပါ စစ်ဘေး ဒုက္ခသည်စခန်းမှာ ပြောကြား ခဲ့တာဖြစ်တယ်လို့ဟိုက်ပါကျေးရွာက ရပ်မိရပ်ဖတစ်ဦး ဖြစ်တဲ့ ဦးဖိုးအောင်က ပြောပါတယ်။
"တိုင်းမှူးက ကိုယ့်ရွာကိုပြန်လို့ရအောင် လုပ်ပေးမယ်လို့ပြောတယ်၊ ပျက်စီးသွားတဲ့တောင်ယာတွေကို ပြန်လုပ်ပေး မယ် ပြောတယ်"
နေရပ်ပြန်ကြသူအများစုဟာ ရှမ်းတိုင်းရင်းသားတွေဖြစ်ကြပြီး ဟိုက်ပါဒုက္ခသည်စခန်းက ၁၀၀ ကျော်၊ ဝမ်ဝ ဒုက္ခသည် စခန်းက ၃၀၀ ကျော်နဲ့ မိုင်းရူးမြို့ဒုက္ခသည် စခန်းက ၄၀၀ ကျော် တို့ ဖြစ်ကြပါတယ်။
ဟိုက်ပါဒုက္ခသည်စခန်းမှာ ၁၄၀၀ ကျော် ကျန်နေသေးသလို မိုင်းရူးမြို့ပေါ်မှာ ဒုက္ခသည် ၄၀၀ ဝန်းကျင် နဲ့ဝမ်၀ ဒုက္ခသည်စခန်းမှာ ၈၀၀ နီးပါးကျန်နေသေးပြီး အများစုက ပလောင်၊ လီဆူနဲ့ လားဟူ တိုင်းရင်းသားတွေ ဖြစ်ကြပါတယ်။
လက်ရှိမှာ ဝမ်ဟိုင်းဒေသအတွင်း နှစ်ဖက်တပ်တွေအကြား တပ်ပြန်လည်နေရာချထားရေးနဲ့ဒုက္ခသည်တွေ ကို နေရပ်ပြန်ပို့နိုင်ရေးအတွက် ဆောင်ရွက်နေတယ် လို့ သိရပါတယ်။
ဒီလိုဆောင်ရွက်ရာမှာ နေအိမ်တွေနဲ့ ကျွဲနွားတွေပျက်းဆီးသွားတဲ့ ဒေသခံတွေ အတွက် တပ်မတော်က အကူအညီပေးဖို့သဘောတူထားတယ်လို့ SSPP/SSA သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး စိုင်းစုက ပြောပါတယ်။
"ဒီဒုက္ခသည်တွေကို ပြန်လို့ရပြီပြောတယ်၊ ပြန်ရင်ဘယ်လမ်းကပြန်ပေါ့နော်၊ အခုက ၂ လနီးပါး၊ တစ်နှစ်စာ စားဖို့ လုပ်လာတဲ့ ကောက်ပဲသီးနှံတွေ မရိတ်သိမ်းနိုင်တဲ့အတွက် ၂၀၁၆ ခုနှစ်မှာ စားဝတ်နေရေးဖူလှုံဖို့ တော်တော်လေး ဒုက္ခရောက်မယ်ထင်တယ်၊ အဲ့ဒါတွေအများကြီး ဆွေးနွေးခဲ့ ပါတယ်၊ တိုင်းအဆင့်အနေနဲ့လည်း ကူညီပေးမယ် ပြော ပါတယ်"
အစိုးရတပ်နဲ့SSPP/SSA တပ်တွေအကြား တိုက်ပွဲတွေ ရပ်စဲနေတာ တစ်လ ကျော်ကြာမြင့်နေပြီဖြစ်ပြီး SSPP ဖက် က နှစ်ဖက် သဘောတူထားတဲ့အတိုင်း မိုင်းရူး-မိုင်းနောင် ကားလမ်းမြောက်ဘက် အခြမ်းကို ဆုတ်ခွာပေးလိုက်ပြီဖြစ်ပြီး အစိုးရ တပ်တွေကလည်း စတင်ဆုတ်ခွာပေးနေတယ်လို့ သိရပါတယ်။