ရန်ကုန် အင်တာနက်ဆိုင်တချို့ အပိတ်ခံရ
အင်တာနက်ဆိုင်တွေကနေ မြန်မာစစ် အစိုးရပိုင် MPT အင်တာနက်ဆာဗာကို တိုက်ခိုက်နေတယ်ဆိုပြီး ရန်ကုန်မြို့က အင်တာနက်ကဖေး တချို့ကို အာဏာ ပိုင်တွေက ယာယီ ပိတ်လိုက်တယ်လို့ သိရပါတယ်။
-
2010-12-18 -
-
-
မြန်မာနိုင်ငံတွင် ကိုယ်ပိုင် ကွန်ပျူတာ အသုံးပြုနိုင်သူနှင့် နေအိမ်တွင် အင်တာနက် ဆက်သွယ်မှု ရှိသူ လွန်စွာ နည်းပါးပြီး အများစုမှာ ဤကဲ့သို့ အင်တာနက်ကဖေးမှ ကွန်ပျူတာဖြင့်သာ အင်တာနက် ဝင်ရောက် အသုံးပြုနိုင်ကြပါသည်။ (Photo: RFA/Tyler Chapman)
(Photo: RFA/Tyler Chapman)
ရန်ကုန်မြို့ လပြည့်ဝန်း ပလာဇာမှာ ဖွင့်လှစ်ထားတဲ့ နာမည်ကြီး အင်တာနက်ကဖေးဆိုင် တခုကိုလည်း အင်တာနက်လိုင်း ချပေးထားတဲ့ Red Link ကုမ္ပဏီကနေ လိုင်းပိတ်ခဲ့သလို ဆိုင်ရှင်ကို ကြာသပတေးနေ့က အထူးရဲတပ်ဖွဲ့က ခေါ်ယူတွေ့ဆုံ မေးမြန်းခဲ့တယ်လို့ နီးစပ်သူတဦးက RFA ကို ပြောပါတယ်။
ဒီ အင်တာနက်ဆိုင်တွေမှာ အင်တာနက် အသုံးပြုသူတွေဟာ အစိုးရ အင်တာနက် စာမျက်နှာတွေကို ထိုးဖောက် တိုက်ခိုက်နေတဲအတွက် ဆက်သွယ်ရေးနှင့် အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၃ (က) နဲ့ ငြိစွန်းနေလို့ ယာယီ ပိတ်လိုက်ကြောင်း မြန်မာ ဆက်သွယ်ရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။