ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ အရေး ကုလသမဂ္ဂ သတိပေး

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့တွေ ရခိုင်ပြည်နယ်ကနေ ထွက်ခွာခဲ့ရတဲ့ အတွက် လူဦးရေ ၈ သိန်းကျော် ကျန်းမာရေးစောင့်ရှောက်မှုတွေ ကင်းမဲ့နေရပြီး ကလေးသူငယ်တွေ အသက်ရှင်နေထိုင်ရေးအတွက် အရေးကြီးတဲ့ ကာကွယ်ကုသမှုရေး လုပ်ငန်းစဉ်တွေ ထိခိုက်ခဲ့ရတယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက သတိပေးလိုက်ပါတယ်။

စစ်တွေမြို့မှာရှိတဲ့ ရခိုင်ဒုက္ခသည် စခန်းတစ်ခုမှာတွေ့ရတဲ့ အမျိုးသမီးနဲ့ ကလေးများပုံ photo: RFA/ Min Thein Aung

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့တွေ ရခိုင်ပြည်နယ်ကနေ ထွက်ခွာခဲ့ရတဲ့အတွက် လူဦးရေ ၈ သိန်းကျော် ကျန်းမာရေးစောင့်ရှောက်မှုတွေ ကင်းမဲ့နေရပြီး ကလေးသူငယ်တွေ အသက်ရှင်နေထိုင်ရေး အတွက် အရေးကြီးတဲ့ ကာကွယ်ကုသမှုရေး လုပ်ငန်းစဉ်တွေ ထိခိုက်ခဲ့ရတယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေက သတိပေးလိုက်ပါတယ်။

နိုင်ငံတကာအဖွဲ့စည်းတွေကို ပစ်မှတ်ထားတိုက်ခိုက် လာမှုတွေကြောင့် ရခိုင်ပြည်နယ်က ဒုက္ခသည် ၁ သိန်း ၄ သောင်းကျော်နဲ့ ကူညီကယ်ဆယ်ရေး စခန်းတွေ ရဲ့ပြင်ပမှာနေထိုင်သူ အတိဒုက္ခရောက်နေတဲ့ ဒေသခံ လူဦးရေ ၇ သိန်းကျော်အတွက် ကျန်းမာရေးစောင့်ရှောက် မှုတွေ အကြီးအကျယ် ထိခိုက်နစ်နာ ခဲ့ရတယ်လို့ မနေ့ကနေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကုလသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO နဲ့ နိုင်ငံတကာ အကူညီပေးရေးအဖွဲ့အစည်းတွေရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

အကူညီပေးရေးလုပ်ငန်းတွေ ပြန်လုပ်ကိုင်နိုင်ဖို့ မြန်မာအစိုးရအာဏာပိုင်တွေနဲ့ ဆွေးနွေးနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mrs. Renata Dessallien နဲ့ UNHCR, UNOCHA အဖွဲ့အစည်းတွေရဲ့ အကြီးအကဲတွေဟာ မနေ့က စစ်တွေမြို့ကို ရောက်ရှိခဲ့ပြီး စစ်တွေမြို့ က ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က စစ်တွေမြို့က NGO ရုံးတွေ တိုက်ခိုက်ခံရအပြီး အကူညီပေးရေးဝန်ထမ်း ၁၇ဝ ကျော်ဟာ ရခိုင်ပြည်နယ်ထဲက ထွက်ခွာခဲ့ရတယ်လို့ သိရပါတယ်။

ဒီအတောအတွင်း နိုင်ငံတကာအကူညီပေးရေးအဖွဲ့တွေ ရခိုင်ပြည်နယ်မှာ ခရီးသွားလာခွင့်ကန့်သတ်ထားတာ တွေကို ဖယ်ရှားပေးဖို့ အမေရိကန်အစိုးရက တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနက မနေ့က နေ့စွဲနဲ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ အခုလို တိုက်တွန်း လိုက် တာဖြစ်ပြီး ကူညီကယ်ဆယ်ရေးလုပ်ဖို့လိုနေတဲ့ ပြည်သူတွေကို အကူညီတွေ ဆက်ပေးနိုင်ဖို့ ရခိုင်ပြည် နယ်အတွင်း ခရီးသွားလာမှု ကန့်သတ်တာတွေ ဖယ်ရှားပေးပြီး လိုအပ်တဲ့ ပံ့ပိုးကူညီမှုတွေ ပေးဖို့ မြန်မာအစိုးရကို တောင်း ဆိုကြောင်း ဖော်ပြထားပါတယ်။

မြန်မာအာဏာပိုင်တွေအနေနဲ့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးဝန်ထမ်းအားလုံး လိုအပ်တဲ့ လုံခြုံရေး ရရှိဖို့အတွက် အဓိပ္ပာယ်ရှိတဲ့ ခြေလှမ်းတွေ အကောင်ထည်ဖော် ဆောင်ရွက်သင့်ကြောင်းလည်း ကြေညာချက်မှာ တိုက်တွန်း ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org