ရခိုင်မှာ ရေကြီး၊ တစ်ဦးသေဆုံး

ရခိုင်ပြည်နယ်မှာ တစ်ပတ်ကျော်ကြာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် ပြည် နယ်တွင်း ရေလမ်းခရီးစဉ်တွေကို ရပ်နား ထားသလို သံတွဲနဲ့ တောင်ကုတ်မြို့ နယ်တွေက ကျေးရွာတွေ ပြောင်းရွှေ့နေကြရပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဇွန်လ ၂၆ ရက်နေ့က ရေကြီးရေလျှံဖြစ်နေတာကို တွေ့ရစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မှာ တစ်ပတ်ကျော်ကြာ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် ပြည်နယ်တွင်း ရေလမ်းခရီးစဉ်တွေကို ရပ်နားထားသလို သံတွဲနဲ့ တောင်ကုတ်မြို့နယ်တွေက ကျေးရွာတွေ ပြောင်းရွှေ့နေကြရပါတယ်။

မနေ့က တောင်ကုတ်မြို့မှာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

"ရေထဲပါသွားတယ် ၁၇ နှစ်သမီး တစ်ယောက်တည်းပဲ၊ တောင်ကုတ် - အမ်း လမ်းမကြီးက တောင်ကုတ်ကို ထွက်တယ်၊ အဲ့ဒီမှာ အရှေ့ဘက်ကနေ အနောက်ဘက်ကိုရေထိုးတဲ့အချိန်မှာ အဲ့ဒီကောင်မလေးပါသွားတယ် ဒါပဲသိတယ်"

တောင်ကုတ်မြို့ ချောင်းကောက်ပိုင်းရပ်ကွက်မှာ လူ ၄ ဦး ပျောက်ဆုံးနေတယ်လို့ ကယ်ဆယ်ရေးလုပ်နေ သူ တောင်ကုတ်မြို့ခံတစ်ဦးက ပြောပါတယ်။ မနေ့က အမ်းမြို့နယ် ရူးရွာမှာ ကျောင်းဆင်းလို့ အိမ်ပြန်လာတဲ့ ကလေး၂ ဦးမှာ တစ်ယောက်က ပျောက်ဆုံးနေပြီး ရေထဲမျောပါသွားတယ်လို့ ယူဆရကြောင်း အမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

ရေဘေးကူညီမှု နောက်ဆုံးအခြေအနေတွေကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးကိုကိုနိုင်ကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ် မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org